အပိုင်း ၁၉
ဒီနေ့။
Jungkookမသိအောင် ဆေးရုံကိုသွားပြီးပြန်လာခဲ့သည်။ ဆေးရုံကပြန်လာတဲ့လမ်းတစ်လျှောက်လုံး အတွေးတွေထဲ မြောပါနေမိသည်။ တခါတခါ ပြားချပ်ချပ်ဝမ်းဗိုက်ကို လက်နဲ့စမ်းမိပြီး ပြုံးလိုက်မိသေးသည်။
"ငါတကယ်ပဲ Jeon အသေးစားလေး ဖန်တီးပေးနိုင်ပါ့မလား?"
တစ်ယောက်တည်းရေရွတ်လိုက်ပြီး ခပ်စိပ်စိပ်ကျလာတဲ့မိုးမွှားတွေထဲ ဖြတ်သန်းလာမိသည်။ နံဘေးရှိ ကတိုက်ကရိုက်ပြေးလွှားနေကြတဲ့ လူတွေကြားထဲ မိုးမစိုရန်ပြေးရမည်ကိုလည်း အာရုံမရနိုင်။
အန္တရာယ်သိပ်များတယ်တဲ့။ အထူးသဖြင့် သားအိမ်မပါတဲ့ သူ့လိုယောကျာ်းတစ်ယောက်က ကိုယ်ဝန်ဆောင်ဖို့ပေါ့။
စွန့်စားကြည့်ချင်တယ်။ Jeon Jungkookအတွက်။ တစ်နှစ်ဆိုတဲ့ကာလပြီးဆုံးသွားခဲ့ရင် သူ့ရဲ့အသွေးအသားလေးကိုတော့ နှစ်နှစ်ကာကာချန်ထားချင်မိတာ ဆန္ဒအစစ်အမှန်ပါ။
ဒါပေမဲ့ Jungkookကရော လိုချင်ပါ့မလား။ အကယ်၍ Jeon အသေးစားလေးက သူ့ကိုချည်နှောင်မှာစိုးလို့ လက်မခံရင်ရော။
ဟင့်အင်း အဲ့လိုဆို မဖြစ်ဘူး။ Jungkook သူ့ကိုပိုများမုန်းသွားလေမလား။ Jungkookမှ သူ့ကိုမချစ်တာ။ ပိုသာမုန်းသွားရင်ဆိုတဲ့အတွေးနောက်မှာ မိုးစက်တွေကြားထဲ လူကနတ်ဝင်သည်လို တုန်ရီစပြုလာခဲ့သည်။
"မမုန်းပါနဲ့။ ငါမင်းရဲ့အငွေ့အသက်လေးကိုသိမ်းထားချင်မိရုံပါ။ ငါ့ကိုမမုန်းပါနဲ့~"
ထွက်ကျလာတဲ့ ခပ်အက်အက်အသံကို သူကိုယ်တိုင်ပင်မကြားနိုင်စွာ နားပိတ်ထားလိုက်မိသည်။ လောကကြီးရဲ့အပြင်ဘက်ကိုသာ ပြေးထွက်သွားလို့ရမည်ဆိုလျှင်...။
"ဘာလုပ်နေတာလဲ? မိုးရေထဲကို?"
"ဟင်"
ဒါJungkookအသံ။ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ရှေ့တည့်တည့်မှာရပ်နေတဲ့ ချစ်ရသူကို ရုံးသွားနေကျ အနက်ရောင်ဝတ်စုံနဲ့အတူ မိုးစက်တွေကြား တွေ့လိုက်ရသည်။
ŞİMDİ OKUDUĞUN
❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞
Hayran Kurguကြိုးတွေကို သဘောမကျဘူး အလားတူစွာပဲ ခင်ဗျားကိုလည်းကျွန်တော်သဘောမကျဘူး ခင်ဗျားကိုယ်တိုင်က ကျွန်တော့်ကိုတစ်နည်းမဟုတ်တစ်နည်းရစ်ပတ်နေတဲ့ ကြိုးတစ်စမို့ 30/4/2018 I write this "Kyoe Ka Lay" Fiction to appreciate PARK JIMIN,in other words, JIMIN'...