အရှေ့ကနေခြေလှမ်းတွေကိုခပ်သွက်သွက်
လျှောက်နေရင်းမှရပ်လိုက်ပြီးအနောက်လှည့်
လာကာသူ့ကိုဆူပုတ်လျက်စိုက်ကြည့်သည်။"ငါနဲ့သုံးပေအကွာမှာနေ။ကျောင်းမှာငါနဲ့
သိသလိုမျိုးစကားလာမပြောနဲ့။ငါ့နောက်
ခဏခဏမလိုက်နဲ့"လူကအကောင်သေးပေမဲ့အသံကတော့
ကျယ်သည်။ကျောင်းဝင်းထဲကသူများက
သူတို့နှစ်ယောက်ကိုကွက်ကြည့်ကွက်ကြည့်
လုပ်သွားကြသည်။"အင်းပါ …မင်းပြောတာဘယ်နှစ်ခါရှိနေပြီလဲ။
ငါအကုန်အလွတ်တောင်ရနေပါပြီ ""အလွတ်ရ ရင်ငါပြောတာမှတ်ထားလေ။ငါ့မိဘတွေကအိမ်ကိုဝင်ထွက်ခွင့်ပြု ငါနဲ့ခင်မင်ခွင့်ပြု
ထားတာနဲ့ပဲကျောင်းမှာငါ့နောက်တစ်ကောက်
ကောက်လိုက်နေတော့မှာလား။ငါအရှေ့က
သွားမယ်ငါအတန်းထဲဝင်ပြီးမှမင်းဝင်လာ
မင်းနဲ့သူငယ်ချင်းလို့အထင်မခံနိုင်ဘူး """တေဇ ""
သူ့တို့ဘေးမှာ လာရပ်တဲ့ပုလဲ။ ထက်မြတ်က
သူနဲ့ပုလဲကို တစ်ချက်ကြည့်ပြီး
ကျာင်းဝင်းထဲကိုခပ်သွက်သွက်
လျောက်သွားသည်။တစ်ဖြည်းဖြည်းနဲ့
ဝေးကွာသွားတဲ့နောက်ကျောလေးကိုကြည့်
ရင်းနာကျင်စွာပြုံးလိုက်မိသည်။ထွက်သွားထဲကကြည့်နေတာ
ဟိုတစ်ယောက်ကကျောင်းဆောင်ထဲတောင်
ဝင်သွားပြီ။သူဘေးမှာရှိနေသေးတယ်ဆိုတာ
တေဇသိသေးရဲ့လား။"နင်ဘာတွေလုပ်နေတာလဲ ဟိန်းတေဇပိုင်"
အခုမှသတိပြန်လည်သလို ပုလဲကိုကြည့်လာပြီး
အသက်မပါသလိုပြုံးသည်။""ဘာလုပ်လို့လဲ ပုလဲရာ""
""နင့်လက်ထဲမှာကိုင်ထားတာဘာလဲ ""
လက်ထဲကချိုင့်လေးကိုကြည့်ပြီးပြုံးမိသေး
တယ်။ထမင်းချိုင့်ကတစ်ကယ်ကိုသေးသေး
လေး ။အစားနည်းလွန်းတဲ့ကောင်လေး။"နင်တို့ကျောင်းဝင်းထဲ ဝင်လာထဲကငါမြင်
်တယ်။ထက်မြတ်ထည်ဝါကျောင်းလာတာနဲ့
နင်ကဘာလို့အခိုင်းအစေလိုသူ့ထမင်းချိုင့်ကို
ပြေးယူပေးရတာလဲ။အတန်းမာလဲအဲ့ကောင်ခိုင်းသမျှလုပ်ပေးရတာနဲ့ကျောင်းပြန်ရင်လဲသူတို့အိမ်ကလာကြိုတဲ့အထိစောင့်ပေးရတာနဲ့။
နင်ရူးနေပီလားအဲ့ဒီကောင်ကနင့်ကိုကျွန်လို
မျိုးခိုင်းနေတာ "