"ဒါကဘယ်လိုတွေဖြစ်နေတာလဲသားဇွဲ"
တံခါးတွန်းဖွင့်ဝင်လာတဲ့အမေ့အသံ
ကြားပေမဲ့ ခေါင်းမထောင်နိုင်။ခေါင်း
အုံးပေါ်မျက်နှာအပ်ပြီးသာကုတင်ထက်
လှဲနေလျက်သား ထလဲမထနိုင်။ထချင်
စိတ်လဲမရှိ။အခန်းထဲကပုလင်းခွံတွေ ဟိုနေရာဒီနေရာ
အခန်းထဲနေရာစုံရှုပ်ပွပြန့်ကြဲနေတဲ့ဘီယာ
ပုလင်းတွေကိုအမေ လိုက်ကောက်သိမ်းနေ
တဲ့အသံကြားနေရသည်။မျက်လုံးထဲကိုစူး
ဝင်လာတဲ့နေရောင်ခြည် ဒဏ်ကိုမခံနိုင်၍
လက်နဲ့ကာပြီးဘေးတစ်စောင်းပြန်လှဲနေ
လိုက်သည်။နေ့မှန်းမသိညမှန်းမသိ ဘဝ
မှာအလင်းရောင်မရှိသလိုနေ့နေ့ညည
အခန်းထဲမှာဘဲနေခဲ့တာကို။ရုတ်တရက်
နေအလင်းရောင်ကိုမခံနိုင်။အခန်းတံခါးတွေကိုဖွင့် နေရောင်ရ
အောင်လိပ်ကာတွေကိုပါအကုန်လုံးဖွင့်
နေတဲ့အမေ။အမေဘာလုပ်အုံးမလို့လဲဗျာ။
ကျေးဇူးပြုပြီးတစ်ယောက်ထဲလွှတ်ပေးထား
လို့မရဘူးလား။"အခန်းတံခါးတွေလဲအကုန်ပိတ် တစ်နေ့
တစ်နေ့ကိုယ့်က်ုကိုယ်အမှောင်ချပြီးဘယ်
အချိန်ထိနေမလို့လဲသား ။မင်းအဖေ မင်းကို
အရမ်းစိတ်ပျက်နေပြီ။အမေ့သားကဘယ်
လိုဖြစ်ပြီးဒီလိုဖြစ်သွားရတာလဲ ။အမေ့ကိုပါ
သေအောင်လုပ်နေတာလား သားဇွဲ"ဘာမှပြန်မပြောတော့ကုတင်ပေါ်ထိုင်ချပြီး
ဘေးနားမှာ နားချနေတဲ့အမေ့ကြောင့် စိတ်
ညစ်ညစ်နဲ့အားတင်းပြီးထထိုင်လိုက်ရသည်။"အမေ ကျွန်တော့်ကိုဒီအတိုင်းခဏလောက်
လွှတ်ထားပေးလို့မရဘူးလား""ခဏနဲ့သားဒီလ်ုဖြစ်နေတာဘယ်နရက်ရှိ
နေပြီလဲ။ကိုယ့်ကိုကိုယ်ဒုက္ခရောက်အောင်
လုပ်နေတာလား။မင်းအဖေပြန်လာတော့
သူ့သားက်ုဒီလိုပုံစံနဲ့တွေ့တာ အဖေကဘယ်
စိတ်ကောင်းမလဲ။ဘာမှမပြောဘူးဆိုတာသား
ကိုယ့်ကိုကိုယ်ပြန်ထိန်းနိုင်မယ်ထင်လို့။အခု
ကတစ်ရက် နှစ်ရက်မကတော့ဘူး။ဒီလိုမနေ
ပါနဲ့တော့သားရယ်"အမေ့ကိုဘာမှပြန်မပြောနိုင် ခေါင်းငိုက်
စိုက်ကျပြီး ခေါင်းကဆံပင်တွေကိုလက်
နှစ်ဖက်နဲ့ခပ်တင်းတင်းဆွဲဆုပ်လိုက်သည်။
ဖြစ်နိုင်ရင်ဘာမှမတွေးချင်။