အပိုင်း(၁၄)

18K 1.8K 159
                                    

မနက်ခင်းကျောင်းလာရာလမ်းကနှစ်
ယောက်လုံးတိတ်ဆိတ်နေသည်။

စက်ဘီးကိုတွန်းလာပြီးထက်မြတ်က
သူ့ဘေးမှာလမ်းလျှောက်နေသည်။
ငြိမ်ငြိမ်လေးလျှောက်နေတာတော့မဟုတ်
လက်ထဲမှာတော့သူ့ကိုဝယ်ကျွေးခိုင်း
ထားတဲ့စားလက်စမုန့်ထုပ်ရှိနေသည်။
ထက်မြတ်သဘောအတိုင်းကားလမ်းက
မသွားဘဲမြေနီလမ်းကြားကနေသွားသဖြင့်
ကျောင်းကိုတော်ရုံနဲ့မရောက်နိုင်။သူ့အမေကို
ဆန့်ကျင်ကာအိမ်ကကားနဲ့မသွားဘဲသူနဲ့အတူ
ကျောင်းသွားသည့်အကြောင်းအရင်းကိုအခု
သိလာပြီ။ဒီကောင်လေးဗရုတ်ကျကာလွတ်လပ်
ရေးရနေသည်။

""အရှေ့မှာ ဗွက်အိုင်""

မြောက်ကြွမြောက်ကြွနှင့် အောက်ကိုမကြည့်ဘဲ
ဗွက်အိုင်ထဲခြေလှမ်းတော့မည့်ထက်မြတ်ရဲ့
လကကိုမြန်မြန်လှမ်းဆွဲလိုက်တော့မှ
လန့်သွားပြီး တော်ပါသေးရဲ့ပုံ
နှင့်ပြန်ရယ်ပြသည်။

လန့်သွားရသည့်သူမှာသူမဟုတ်သော်လည်း
ဆေးမိထားသည့်သူလိုမတ်တပ်မေ့နေရသည့်
သူမှာတော့သူသာ။အမြဲငေးကြည့်ခဲ့ဖူးသော်
လည်းသူ့အတွက်ရည်ရွယ်ကာတစ်ခါမ
ှတိုက်ရိုက်မရှိခဲ့ဖူးတဲ့ အပြုံး။

"ဟျောင့်... ရပြီငါ့လက်ကိုလွှတ်တော့လေ"

သတိလွတ်ကာ ငေးနေမိပြီးမှ မြန်မြန်
လွှတ်လိုက်သည်။ဒါပထမဆုံးပဲသူ့ကို
ထက်မြတ်ရယ်ပြတာ။မရူးသွားဘူးဆိုရင်
်လိမ်ရာကျမည်။

""ဘာဖြစ်နေတာလဲမင်း""

"အဟမ်း....ဘာမှမဟုတ်ဘူး။လမ်းကိုသတိ
ထားလျှောက်မှပေါ့။ကလေးလိုလိုက်ကစားနေ
တယ်။ ပြုတ်ကျရင်ဘယ်လိုလုပ်မလဲ"

"မင်းရှိနေတာပဲ... ငါဘာမှမဖြစ်နိုင်ဘူးဆိုတာ
သိနေတယ်"

မုန့်စားရင်းပြုံးရယ်ကာထက်မြတ်ကဘာရယ်
မဟုတ်ပြောလိုက်သော်လည်း ရင်တွေတစ်ဒိတ်ဒိတ်နဲ့ခုန်လာရတာက။

""ငါ့ကိုယုံတယ်ပေါ့''"

"မင်းကိုယုံတာထက်ငါ့အမေကိုပိုယုံတယ်။
ငါတစ်ခုခုဖြစ်ရင်ငါ့အမေကမင်းကိုအော်မှာ
လေ...မင်းကအအော်မခံနိုင်တော့ငါ့ကိုဂရုစိုက်
နေတာမလား "

တိမ်တိုက်၌ဖြစ်တည်သောDonde viven las historias. Descúbrelo ahora