"အင် အမေရှေ့မှာတော့မသိရင်ကလေးပေါ့"
"နောက်ကွယ်မှာငါက ဘာဖြစ်နေလို့လဲ"
မန်းလေးပြန်ရောက်နေပြီ မတွေ့ရတာ
ကြာလို့တွေ့ချင်တယ် အကြောင်းကြား
လိုက်တော့ဇွဲက အိမ်ကိုမနက်ရောက်ချလာ
ပါသည်။အိမ်ထဲကိုဝင်လာထဲက ဆိုဖာပေါ်မှာ
အမေ့ကိုဖက်ပြီးထိုင်နေသည်ကိုအမြင်ကတ်
သလိုကြည့်တာ။ကိုယ့်အမေကိုယ်ချစ်တာကို
မနာလိုဖြစ်နေတယ်။"ကလေး ဟုတ်မဟုတ် ကိုယ့်ကိုကိုယ်
သိမှာပဲလေ""မေ့ သားကိုပြောနေတယ်"
တဖက်မှာဝင်ထိုင်ပြီး စကားနာထိုးနေသည်
ကိုမကျေမချမ်းနဲ့အမေ့ကိုတိုင်တော့ အမေက
သသောတကျနဲ့ပြုံးလို့သာနေသည်။"ဟုတ်တယ်မလား အန်တီ ကျွန်တော်ပြော
တာမှားလား အိမ်ကထွက်သွားတုန်းက
ကောက်ကောက်ပါအောင် လိုက်သွားပြီး
အနောက်ကလူကြီးတွေက ဘယ်လိုစိတ်ပူပြီး
ကျန်ခဲ့မလဲမတွေးဘူး။နှစ်ကုန်ခါနီးမှအခုမှပြန်
လာပြီး အမေကိုလာကပ်ချွဲနေတယ်။အန်တီ
ဒီကောင်လေးအရူးလုပ်တာမခံနဲ့""မေ သားကိုစိတ်ပူနေတာလား"
"စိတ်မပူပဲရှိမလား မင်းကိုသတိရလို့တွေ့
ချင်တာတောင်အန်တီ့ခမျာ သူ့သားလေး
ပျော်နေပါစေဆိုပြီးပြန်မခေါ်ခဲ့ဘူး"အမေ့ရင်ခွင်ထဲကနေ စိတ်မကောင်းစွာ
မော့ကြည့်တော့အမေကအပြုံးနဲ့သာကြိုဆို
နေပေမဲ့ခဏပါပဲ သားအမိနှစ်ယောက်လုံး
မျက်ရည်ဝဲချင်လာတော့ ခေါင်းငုံ့ပြီးအမေ့ကို
ပြန်လည်ဖက်တွယ်နေလိုက်ရသည်။"သိပ်မစနဲ့တော့သားရေ ဒီမှာမင်းညီ ငိုတော့
မယ် မနေ့ကလဲတစ်နေ့လုံးထမင်းစားတဲ့
အချိန်တောင် မအေနားကကိုမခွာဘူး။
အမလေးထပ်မငို လိုက်ပါနဲ့တော့အငို
မင်းသားရယ် အိမ်လဲမျက်ရည်မိုးတွေ
လျှံနေပြီ""မေ့"
အမေ့ရင်ခွင်နွေးကိုပိုတိုးလို့ဖက်တော့ အမေ
ကပြုံးနေလျက်သာဆံပင်တွေကိုပွတ်သပ်ပေး
လာသည်။အမေကလူကြီးပိုင်းအရွယ်ထက်ကို
အသက်ကြီးနေပြီ အရွယ်ရောက်နေတဲ့သား
တစ်ယောက်အနေနဲ့အမေ့နားမှာပြုစုစောင့်
ရှောက် ပေးသင့်ပေမဲ့ ကိုယ့်တာဝန်ကိုယ်
မကျေပွန်နိုင်ခဲ့ဘူး။