"မန္တလေးမြို့ရဲ့မြနန်းစံကျော်ရွှေနန်းတော်က
ကုန်းဘောင်မင်းဆက်တွေနောက်ဆုံးစံမြန်း
ခဲ့တဲ့နန်းတော်ဖြစ်ပါတယ်"ဘေးနားမှာပါလာသည့်ဧည့်သည်များက
ချမ်းအေးသည့်ဒေသကလာသူများဖြစ်ကြသည့်အလျှောက်စကားလဲနည်းကြသည်။ပြောသမျှ
ကိုသာနားထောင်၍နန်းတွင်းအဆောင်တွေကို
သာလိုက်ကြည့်နေသည်။မိသားစုထဲပါလာသည့်ကလေးမလေးကတော့ကလေးပီပီလိုက်စူးစမ်း
နေပြီးတစ်ချက်လေးမှငြိမ်ငြိမ်မနေပါ။"ကိုကို…ချီ"
"သမီး ကိုကိုကအမေတို့ကိုလိုက်ပြနေရတယ်
လေ မချီခိုင်းရဘူး"အနားကပ်နေသည့်ကလေးမခေါင်းလေးကိုသာ
ပုတ်၍အားနာပါးနာတောင်မချီဖြစ်။ကလေးမ
လေးကချစ်ဖို့ကောင်းပါသည်။ဒါပေမဲ့ဒီအရွယ်
ငါးနှစ်အရွယ်ကလေးမကိုကြာကြာချီနိုင်မည်
မဟုတ်ပါ။ချက်ချင်းမောလာလိမ့်မည်။
ချီလဲမချီချင်။ကိုယ်ကသာကလေးလုပ်ချင်တာ
ကလေးတော့မချစ်တတ်။ဟီး ဟီး။
အမေဖြစ်သူကိုခပ်ဖွဖွသာရယ်ပြလိုက်သည်။"ဒီ ဘက်ကိုလာပါ အန်တီ"
"ဒီနန်းတော်ကြီးထဲမှာရှေးခေတ်မြန်မာဘုရင်
တွေရဲ့အခမ်းနားအရှိန်အဝါနဲ့မြန်မာ့ရှေးဟောင်းဗိသုကာလက်ရာမွန်တွေကိုလေ့လာနိုင်ပါတယ်"ဓာတ်ပုံရိုက်နေကြတဲ့သူတွေရိုက်
နန်းဆောင်တွေကိုအတော်ကြာလိုက်ကြည့်
နေကြတော့ ဘေးကနေလိုက်ပေးရသည်။"ကိုကို အဲ့ကျောင်းဖြူဖြူကဘာလဲ"
လက်တစ်ဖက်ကိုလာဆွဲတဲ့ကလေးမ။
အမေဖြစ်သူကပါသမီးကိုဆွဲရင်းအနားကို
ရောက်လာသည်။အဖေလုပ်တဲ့သူကလည်း
ခပ်အေးအေးပါပဲ။မသိတာတွေကို ပညာစမ်း
သလိုတောင်လိုက်မမေးနေ ရှင်းပြတာကိုသာ
အဘိုးဘွားတွေကအစမိသားစုအလိုက်
ဖြေးဖြေးခြင်းလျှောက်ရင်းလိုက်လာကြသည်။"မင်းတုန်းမင်းနန်းစတည်ထဲကရှိခဲ့တဲ့ဒသနိကအဆောက်အဦးပါ။ဆေးဖြူသုတ်ထားပြီး
ရွှေဆေးတွေကွပ်ထားပါတယ်။ဓာတ်တော်
မွေတော်အပေါင်းကိန်းအောင်းပြီးအုတ်နဲ့
တည်ဆောက်ထားလို့စွယ်တော်စင်
စွယ်တော်ကျောင်းလို့ခေါ်တာပါ"