အပိုင်း(၄၉)

27.5K 1.9K 129
                                    

မှန်ပြတင်းပေါက်ကနေကြည့်လျှင် ဆေးရုံဝန်း
အပြင်ဘက်ကနေမိုးပြေးလေးတွေတစ်ဖွဲဖွဲ
ကျဆင်းလို့နေသည်မှာ မနက်အစောကြီးထဲ
ကပင်။အအေးဓာတ်ကအခန်းထဲထိချမ်းစိမ့်
လာသဖြင့်ကိုယ်ကိုကျုံ့ပြီးလက်တွေကိုပူးကပ်
ထားလိုက်သည်။

အရင်တုန်းကမိုးရွာရင်ထိုင်ကြည့်နေရတာ
ကြိုက်ပေမဲ့အခုတော့ အခန်းထဲမှာအလုပ်များ
နေသည့်သူ့ကိုပဲပြတင်းနားကခုံမှာကျုံ့ကျုံ့
လေးထိုင်ပြီးမျက်စိဒေါက်ထောက်လိုက်ကြည့်
နေမိ၏။သူကဆေးရုံကုတင်ကိုမှီလို့ရအောင်
လုပ်ပေးနေပြီးရှင်းစရာရှိတွေရှင်းနဲ့စောင်တွေ
ပါခေါက်ပေးနေတယ်။

သူငယ်ချင်းတွေအဖြစ်ကနေ အဆင့်တက်
သွားတဲ့အခြေအနေတစ်ခုမှာ ဒီရက်ပိုင်း
နှစ်ယောက်လုံးမျက်နှာပူပြီး နေရခက်နေတာ
မျိုးမရှိပေမဲ့ အရင်တုန်းကအခြေအနေထက်
ထူးပြီးဘာမှမပြောင်းလဲသွားပါ။တစ်ယောက်
ကိုတယောက်လက်ကိုင်တာ ဖက်တာတွေက
သူငယ်ချင်းဘဝထဲကမို့ ထူးပြီးရှက်နေတာ
မျိုးလဲမရှိ။ဒါပေမဲ့ ခံစားချက်တွေကတော့မတူ
တော့ဘူး။ဖြူစင်တဲ့သူငယ်ချင်းဆိုတဲခံစား
ချက်နဲ့ တစ်ယောက်ကိုတစ်ယောက်
သက်ဆိုင်နေတယ်ဆိုတဲ့ခံစားချက်တွေက
အပြုအမူလေးတစ်ခုဆီမှာကအစ ခံစားချက်
တွေနည်းနည်းလေးမှမတူတော့ဘူး။

"အနွေးထည်ဝတ်ထား အေးတယ်"

ထိုင်ရက်နဲ့အတွေးများနေတာ သူဘေးနားမှာ
လာထိုင်မှသတိဝင်လာသည်။သူ့ကိုပဲကြည့်ပြီး
ကမ်းပေးလာတဲ့အနွေးထည်ကိုလှမ်းယူတဲ့
အချိန်လက်ချောင်းတွေအချင်းချင်းတခဏထိ
သွားတာကို အသည်းအေးတော့မတတ်ပင်။
ဘာလုပ်ရမယ်မှန်းမသိတော့ပဲ အယောင်
ယောင်အမှားမှားနဲ့ခေါင်းငုံ့ပြီးအနွေးထည်
သာဝတ်နေလိုက်တော့လက်ထည့်ရမည်ကို
ပြောင်းပြန်ဖြစ်လိုဖြစ်နဲ့နောက်ဆုံးသူကပဲ
ဆွဲယူပြီးဝတ်ပေးလာသည်။

"ဘာလို့အဲ့လောက်ခေါင်းကြီးငုံ့နေရတာလဲ
ဒီဘက်ကိုလှည့်အုံး"

နှုတ်ခမ်းတွေပြုံးနေမိတာကိုသူမမြင်ရအောင်
ခေါင်းကိုသာမဖော်တမ်းငုံ့ပြီးနေနေမိတာ။
ုသူနဲ့မျက်နှာချင်းဆိုင်ကိုလှည့်လိုက်တော့
သူကဘာဖြစ်နေလဲသတိထားမိပုံတောင်မပေါ်
အနွေးထည်ကြယ်သီးကိုသာဂရုတစိုက်တပ်
ပေးနေသည်။သူ့မျက်နှာကိုသာကြည့်နေမိပြီး
ဘယ်တုန်းကသူကြယ်သီးတပ်ပေးလို့ပီးသွား
မှန်းမသိလိုက် နောက်ဆုံးသတိဝင်လာတဲ့
အချိန် သူနဲ့အကြည့်ချင်းဆုံသည်။နှလုံးခုန်နှုန်း
တွေတရိပ်ရိပ်တက်လာသည်နှင့်အတူရှက်စိတ်
တွေကမျက်နှာဖွက်ထားဖို့ကလဲသူ့ရင်ခွင်ပဲရှိ
သည်မို့ဘာကိုမှမစဉ်းစားတော့ပဲသူ့ရင်ခွင်ထဲ
ခေါင်းတိုးဝင်ရင်းတစ်ဖြည်းဖြည်းနဲ့တစ်ကိုယ်
လုံးဝင်ရောက်သွားရတော့တယ်။ဒါကဘယ်လို
ခံစားချက်မှန်းလဲ မသိတော့ပါဘူး။သူ့ရင်ခွင်
ထဲပစ်မှီထားတော့ အနောက်ကနေပုခုံးကို
လက်တဖက်နဲ့ထိန်းကိုင်ပေးလာသည်ကို
အခွင့်ကောင်းယူပြီးသူ့ရင်ဘတ်နားထိခေါင်း
တိုးဝင်ရင်းမျက်လုံးစုံမှိတ်ခိုနားမိသည်။
ယောကျာ်းလေးချင်းပညတ်ချက်တွေဘာတွေ
ဆိုတာကိုယ်တွေကြားမှာဒါမျိုးတွေစောင့်ထိန်း
နေစရာလဲမလိုဘူးလေ။တစ်ကယ်လဲမှီစရာမပါ
ပဲကြာကြာထိုင်နေရင်အားမရှိတဲ့ခန္ဓာကိုယ်က
တကယ်ယိုင်လာလို့ပါ။ပြီးတော့သူ့ရင်ခွင်ထဲ
ဝင်နေချင်တယ်ဆိုတာဝန်ခံပါတယ်။

တိမ်တိုက်၌ဖြစ်တည်သောOù les histoires vivent. Découvrez maintenant