"နေလို့သက်သာရဲ့လား သားငယ်လေး"
"သက်သာပါတယ် အန်တီနန်း"
"သားအစ်ကိုကတော့ ဆေးရုံမှာသားကို
လာကြည့်မယ်ဆိုတာ အန်တီနန်းနဲ့လုံးဝလိုက်
မလာဘူး။ဒီရက်ပိုင်းမျက်နှာလဲမကောင်းဘူး
သားရယ်"လူကြီးနဲ့စကားပြောနေသည်မို့လို့အားမရှိတဲ့
ကြားကကုတင်ခေါင်းရင်းကိုမှီထိုင်နေရသည်။
ခုံပေါ်မှာထိုင်နေတဲ့အန်တီနန်းကိုတော့အရင်က
လိုနွေးထွေးတဲ့စိတ်မဖြစ်တော့ပဲစိမ်းသက်လွန်း
နေတယ်။"ဇွဲဘာဖြစ်နေလို့လဲ အန်တီနန်း"
"ဘာမှတော့မဖြစ်ပါဘူးသားရယ် ဒီအတိုင်းပုံမှန်
နေနေပေမဲ့ မျက်နှာကလုံးဝမကောင်းတာ့
အန်တီ စိတ်ပူလို့ပါ""ဆေးရုံမှာလဲ သားကိုလာမတွေ့ဘူး။ဇွဲကို
သားဆီလာခိုင်းပေးပါအန်တီနန်း သားစကား
ပြောကြည့်လိုက်ပါ့မယ်"ဇွဲကို စိတ်ပူနေတဲ့ပုံကအန်တီနန်းမျက်နှာမှာ
ပေါ်နေတယ်။အန်တီနန်းက ဇွဲကိုမျက်နှာ
တစ်ချက်အပျက်မခံ ဘယ်လောက်ထိချစ်ပြီး
ဂရုစိုက်တယ်ဆိုတာငယ်ငယ်ထဲကမျက်မြင်
ကိုယ်တွေ့ ရယ်ပါ။"အဲ့တာကိုပဲအန်တီပြောချင်တာ။သားဇွဲက
တနေ့မနက်အစောကြီးထဲကသားကိုတွေ့ဖို့
ဆေးရုံသွားတယ် ပြီးတော့အချိန်ဘယ်လောက်
မှမကြာဘူး မျက်နှာလုံးဝမကောင်းပဲအိမ်ပြန်
ရောက်လာတယ်။အန်တီနန်းအခုလိုပြောတာကိုသားစိတ်မဆိုးနဲ့နော် သားကသားဇွဲကိုမတွေ့
ချင်ဘူးလို့ပြောလိုက်တာလား""မဟုတ်ပါဘူး သူလာတာသားသိတောင်မသိ
ပါဘူး။သားကဇွဲကိုဘာလို့မတွေ့ချင်ရမှာလဲ
ဖုန်းဆက်တာလဲမကိုင်လို့သူ့အလုပ်တွေနဲ့
မအားဘူးလို့ထင်နေတာပါ""သားဆေးရုံတက်ရင် သားဇွဲကဘယ်လောက်
အလုပ်များများဘယ်တုန်းကအနားမှာမရှိပေးခဲ့
လို့လဲ။ဒါကိုသိရက်နဲ့သားကအခုတော့ဘေးနား
မှာအားကိုးရှိနေပြီဆိုတော့ သားဇွဲကိုမလိုအပ်
တော့တဲ့သဘောလားသား"အေးအေးဆေးဆေးပြောနေပေမဲ့သူ့အကြောင်း
စကားစလာတာကိုသိသည်။ဟန်မဆောင်
တတ်တဲ့စိတ်ကလဲမျက်နှာကိုဟန်လုပ်ပြီးပြုံးပြ
ဖို့တောင်အင်အားမရှိနေတော့ပါ။အန်တီနန်း
ဝင်လာထဲကမျက်နှာပျက်ပြီးဘာမှမပြောပဲ
အခန်းပြင်ထွက်သွားတဲ့သူကိုသာစိတ်ပူလှပြီ။