အိပ်မက်ကမ္ဘာထဲကနေ နိုးထလာတဲ့အချိန်
မျက်လုံးတွေမဖွင့်ရသေးသည့်တိုင် ပထမဆုံး
ခံစားမိတာက ထွေးဖက် ထားပေးသည့်
သူ့ရင်ခွင်ထဲမှာ ဝင်ရောက်လို့နေခြင်း။နှုတ်ခမ်းတွေက နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်
မိပြီး နီးကပ်ရာသူ့ရင်ခွင်ထဲကိုပိုတိုးလို့ဝင်မိ
တော့သည်။မနက်ခင်းတိုင်း အိပ်ရာနိုးတဲ့အချိန်ဒီလိုမျိုး
သူဘေးမှာရှိနေပေးရင် ပျော်နေမိတာပဲ။
ညဘက်ဆိုအတူတူအိပ်ရာဝင် အိပ်မပျော်
မချင်း ဂျီကျပြီးစိတ်ဆိုးစိတ်ကောက်သမျှကို
ပြဿနာရှာနေမှန်းသိသော်လည်း သူမငြီး
မငြူ ချော့တာပင်။များသောအားဖြင့်အလုပ်
ရှိတဲ့နေ့တွေဆို သူအရင်ထတတ်ပေမဲ့ဒီနေ့
လိုပိတ်ရက်တွေဆို မထမချင်းဘေးမှာနေ
ပေးလာတတ်သည်။မျက်လုံးတွေပွင့်လာပြီ
ဖြစ်သော်လည်းနိုးနိုးချင်းမထချင်ပဲ အိပ်ရာ
ထဲမှာပဲကွေးနေတတ်သည့်အကျင့်က သူက
ဖက်ထားပေးတော့ ပိုလို့တောင်မထချင်
တော့ပါ။ထရမဲ့အချိန်ကိုရောက်ရင် သူနှိုး
လိမ့်မယ် အခုမနှိုးသေးတာထသင့်တဲ့အချိန်
ကိုမလွန်သေးလို့။ဒီလိုပါပဲ။ကိုယ့်ကိုကိုယ်
ထက်ပိုပြီး သူ့ကိုမျက်စိမှိတ်ယုံကြည်တယ်
ဆိုတာ ဒီလိုအချိန်ဆိုပြောစရာပင်မလို။ကိုယ့်အတွေးကိုယ်သဘောကျ ပြန်ရယ်မိ
ရင်း နီးကပ်ရာသူ့ရင်ဘတ်ကိုခေါင်းနဲ့တွန်း
တိုက်မိတော့သည်။"အိပ်ပုတ်ကောင်လေး နိုးလာပါပြီလားခင်ဗျ"
"မနိုးသေးဘူး"
ဖက်ထားပေးတဲ့ သူ့ရင်ခွင်ထဲမှာငြိမ်ငြိမ်
မနေမိတော့ နိုးနေတာသူသိသွားပြီးတစ်ချက်
ငုံ့ကြည့်လာကာ ကျောပြင်တွေကိုပုတ်ပေး
လာသည်။"အဲ့လိုလည်းရတယ်လား အိပ်ပျော်နေတဲ့
သူကစကားပြောတတ်လား။နိုးနေရဲ့သားနဲ့
မထဘူးဒီကောင်လေးတော့""အာ့ဆို မင်းရောဘာလို့မထလဲ"
"နိုးနေတာကကြာပြီ ကြိတ်မှိတ်ပြီးကျောပူ
အောင်အိပ်နေရတယ်။ဘယ်ကကောင်လေး
လည်းမသိပါဘူး တစ်ယောက်ထဲအရင်ထ
လိုက်ရင် စိတ်ကကောက်မှာသိနေတာပဲ"