Extra-4

27.5K 1.9K 59
                                    

ညအမှောင်ရဲ့ လေထုအေးတွေကပတ်ဝန်း
ကျင်တစ်ခွင်မှာအေးစက်လွန်းစွာ ရိုက်ခတ်
နေပေမဲ့ အချမ်းဒဏ်ကိုမခံစားမိနေသလို
နေရာကနေနည်းနည်းလေးမှမရွှေ့မိ။အိမ်က
လိုက်ပို့ပေးသည့်ကားက တိုက်အောက်ထိ
ပို့ပေးပြီးပြန်သွားလို့နေပြီး ခဏကြာနေ
သည် အထိဒီအတိုင်းပဲရပ်နေမိသည်။

ပြန်လှည့်စရာလမ်းမရှိတော့ဘူး မိဘတွေ
ရင်ခွင်ဆီကနေ စုံလုံးထွက်ခွာလာခဲ့ပြီ။
တစ်ပတ်နှစ်ပတ် လောက်ပဲလို့ပြောပြီး
အကြောင်းပြချက် ရေရေရာရာမပေးနိုင်ပဲ
သူ့ဆီကို ပြန်မလာနိုင်ခဲ့တာကလည်းရက်
တွေ လွန်နေပြီ။

အေးစက်နေတဲ့လက်တွေနဲ့ luggageကို
သာ ခပ်တင်းတင်းကိုင်ဆွဲပြီးသူရှိရာဆီ
လျှောက်လှမ်းဖို့ ကခြေလှမ်းတွေမှာအားမပါ
အထပ်ထပ်သော တိုက်မြင့်ကိုသာမော့ကြည့်
နေမိပြီး သူ့ကိုဘယ်လို အကြောင်းပြချက်
တွေနဲ့ ပြန်လာဖို့ရက်တွေနောက်ကျခဲ့ရတာ
ကိုပြောရမလဲ မစဉ်းစားနိုင်တော့ပါ။ရက်တွေ
ကြာနေတာကို သူစောင့်နိုင်တာသိသည်
စောင့်နေမှာကိုလဲသိသည် သူ့ကိုသတိရနေ
လွန်းလို့ပြန်လာခေါ်ခိုင်းမိမှာစိုးလို့ ကြားထဲ
မှာ အဆက်အသွယ် သိပ်မလုပ်ခဲ့မိသည်ကို
အခုသူ့ရှေ့ ဘယ်လိုပြန်သွားရမှာပါလဲ။

တစ်ယောက်ထဲ အအေးဒဏ်ကြားထဲဘာ
လုပ်ရမှန်းမသိ မှိုင်တွေပြီးရပ်နေတုန်းလက်
ထဲမှာ ကိုင်ထားသည့် ဖုန်းမျက်နှာပြင်က
လင်းလာတော့ အလျင်မြန်ကြည့်လိုက်ချိန်
ဇွဲဆီကလာသည့်ဖုန်းပါပဲ။ကားပေါ်မှာထဲကခဏခဏဆက်နေတာ အမေဆက်ခိုင်းနေ
တာဖြစ်မှာပါ။

"ထက်မြတ် မင်းရောက်ပြီလား"

"အင်း"

"မငိုနေနဲ့နော် မင်းဆုံးဖြတ်ပြီးသွားပြီပဲ
ငိုမနေနဲ့ မင်းအဖေကသက်သက်ရှေးရိုးစွဲနေ
ပြီးမင်းစိတ်ကိုလန့်အောင်လုပ်တာ မိဘနဲ့
သားသမီး ရှင်ခန်းပြတ်ရိုးထုံးစံရှိလား။ငိုမနေ
နဲ့ ဒီမှာငါ့တာဝန်ထား မင်းတို့ချင်းပဲအဆင်
ပြေအောင်နေ"

ညဘက်ကြီးဖုန်းဆက်ပေးနေသည် အထိ
ဇွဲကစိတ်ပူပြီး ပြောနေတာကိုသိပေမှဲု
အခုချိန်မှာ ဘာကိုမှမကြားချင်တော့ပါ။

တိမ်တိုက်၌ဖြစ်တည်သောWhere stories live. Discover now