
21.1K 1.4K 129
                                    

တိမ်တိုက်လေးကနောက်ဆုံးတော့ တစ်နှစ်
ကျော်အကြာမှာဖြစ်တည်သွားခဲ့ပါပြီ။
ကျေးဇူးတင်စကားတွေရေးဖို့ကိုဒီရက်ပိုင်း
အချိန်ယူပြီးဘယ်ကနေစပြောရမလဲမသိခဲ့
ပါဘူး။ရင်ထဲမှာဝမ်းနည်းဝမ်းသာပါ။
အရင်ဆုံးပြောချင်တာက ဇာတ်လမ်းတစ်ခုလုံး
ကိုအစကနေအဆုံးထိအတူတူလိုက်ခံစားပေး
ဖတ်ပေးခဲ့ကြတဲ့အချစ်တွေအားလုံးကို
အရမ်းချစ်ပါတယ်။အရမ်းလဲကျေးဇူးတင်ပါ
တယ်။စာရေးနေရရင်ကျေနပ်နေတဲ့သူပါ။
စာဖတ်သူတွေမရှိပဲနဲ့ဒီအထိမရောက်လာနိုင်ပါဘူး။အစကနေစပြီး ပျော်ရွှင်စရာမရှိခဲ့တဲ့
ဇာတ်လမ်းတပုဒ်ကိုနောက်ဆုံးအထိ ခံစားပြီး
ဖတ်ပေးခဲ့ကြတဲ့စာဖတ်သူတွေကြောင့်
ဒီလိုလှလှပပလေးဇာတ်သိမ်းနိုင်ခဲ့တာပါ။
စကထဲကငိုလာခဲ့ရတဲ့ဇာတ်ပါ ဇာတ်သိမ်းဖို့
နှစ်ပိုင်းအလိုမှချစ်သူတွေဖြစ်သွားထဲက
ဒီဇာတ်လမ်းကအစကနေအဆုံးထိကြေကွဲ
စရာတွေပဲများခဲ့ပါတယ်။အဲ့ဒီလိုကြေကွဲ
စရာဇာတ်လမ်းတစ်ပုဒ်ကိုဇာတ်သိမ်းမှာ
HEဖြစ်အောင်ရေးရတာဘယ်လိုမှမလွယ်ကူ
ပါဘူး။နည်းနည်းလေးစိတ်လွတ်တာနဲ့လမ်းလွဲသွားနိုင်လို့ တစ်ခြားဘာမှလျှောက်မရေးရဲ
ပါဘူး။အိမ်ပြန်ရမယ် အဲ့ဒီကလေးနှစ်ယောက်
နောက်ဆုံးမှာအိမ်ပြန်နိုင်ရမယ်လို့ပဲစိတ်ထဲ
ထည့်ပြီးရေးခဲ့ရတာပါ။ဇာတ်သိမ်းမှာလိုအပ်
ချက်လေးတွေရှိခဲ့ရင်နားလည်ပေးပါနော်။

ကိုယ့်ကလေးတွေအကြောင်းပြောရရင်
အားလုံးထဲကအစ်ကိုအကြီးဆုံး ဇွဲအကြောင်း
ကိုအရင်ပြောချင်ပါတယ်။ဇွဲက ညီလေးအရမ်း
လိုချင်တဲ့ကောင်လေးပါ။ထက်လေးကိုမိဘ
ချင်းကရင်းနှီးတော့ငယ်ငယ်ထဲ စတွေ့ထဲကသူ့ညီလေးတစ်ယောက်လိုအရမ်းချစ်သွားပါ
တယ်။သူ့ညီလေးကို သူအရမ်းချစ်တာပါ
ဒါပေမဲ့သူ့အချစ်မှာမေတ္တာတွေရောနှော
နေပါတယ် ထက်လေးကို သူညီလေး
တစ်ယောက်ထက်ပိုချစ်နေပြီမှန်းသိလိုက်ရ
တဲ့အချိန်အရမ်းနောက်ကျသွားခဲ့ပြီ။ဒီနေရာ
မှာဇွဲနဲ့ဥပမာပေးပြီးရေးခဲ့ချင်တာပါ ရေးပြ
နိုင်ခဲ့လားဆိုတာတော့သေချာမသိပါဘူး။
ဘေးမှာရှိနေတုန်း တန်ဖိုးထားကြပါနော်
ကိုယ့်ဘေးကပျောက်သွားမှ ကိုယ့်ထက်
တန်ဖိုးထားတဲ့သူပေါ်လာတဲ့အခါ ဘာမှလုပ်
လို့မရတော့ပါဘူး။ထောင့်ငါးရာနဲ့ငါးရာနှစ်
ဆယ့်ရှစ်မှာအချိန်တန်တော့လဲသူ့ညီလေးက
သူ့ရင်ကိုစုန်ကန်ပြီး လိုက်သွားပါပြီ။ဒါပေမဲ့
သံယောဇဉ်တွေကတော့အဖြူစင်ဆုံးကျန်ခဲ့
ပါတယ်။နောက်ဆုံးမှာသူ့ညီလေးနှစ်ယောက်
အတွက်ဇွဲကအစ်ကိုအကြီးဆုံးပီသခဲ့ပါတယ်။

တိမ်တိုက်၌ဖြစ်တည်သောWhere stories live. Discover now