ဆောင်းဝင်ခါစ ညအစောပိုင်းရဲ့အချမ်းဓာတ်က
တံခါးတွေအလုံပိတ်ထားသောအိမ်ထဲထိမဝင်
ရောက်နိုင်။မီးလင်းဖိုထဲ ကုန်သွားတဲ့ထင်းတွေပြန်
ထည့်ရင်းတစ်စစတောက်လောင်နေတဲ့မီးပုံကိုအကြောင်းမဲ့ကြည့်နေမိသည်။အိမ်ထဲမှာနွေးထွေးပေမဲ့ရင်ထဲမှာမအေးချမ်းနိုင်တဲ့အကြောင်း
ရင်းကတော့ငဂျစ်ကောင်လေးအိမ်ရှေ့ထွက်
ထိုင်နေတာအချိန်ကြာနေပြီ။သွားလဲမခေါ်ရဲ။စိတ်ဆိုးနေတာသေချာပါတယ်။ညနေထဲက
အခန်းအပြင်ကခေါ်နေတာမထွက်လာတော့
လက်လျှော့ပြီး အိမ်မှာလုပ်စရာရှိတာတွေလုပ်နေတာ။သူ့ကိုဂရုမစိုက်တော့ညဘက်ကြီးအိမ်
ရှေ့ထွက်ထိုင်ပြီးစိတ်ကောက်ပြနေတာ။
ငဂျစ်လေးအကြောင်းသိပြီးသား ။ကောင်းကောင်းပြောနေရင်လုံးဝစိတ်ကောက်မပြေ သူ့ဟာသူထားထားလိုက်ရင်လည်းစိတ်ပြေသွားမယ်ထင်လားသူ့ကိုဂရုမစိုက်ရလားပိုစိတ်ဆိုးနေပါ
လိမ့်မည်။ပြီးရင် လူရှေ့ထွက်လာပြီးအသံတိတ်ဆန္ဒပြစိတ်ကောက်ပြပါလိမ့်မယ်။
သူစိတ်စိုးနေပါတယ်ပေါ့။မင်းကတော့မင်းရဲ့
နဂိုအကျင့်အတိုင်းနေနေပေမဲ့ လုပ်နေတာ
တွေကကိုယ့်ကိုကိုယ်ဘယ်လောက်ချစ်ဖို့
ကောင်းနေတယ်ဆိုတာသိရဲ့လား။အထက်
တန်းကျောင်းသားလဲမဟုတ်တော့ဘဲအခုထိ
ကလေးလိုဆိုးချင်တုန်း ။အင်းလေ အထက်
တန်းကျောင်းသားမဟုတ်တော့ပေမဲ့
တက္ကသိုလ်ကျောင်းသားကို စိတ်ကလဲ
ကလေးစိတ်မှမပျောက်သေးဘဲ။ဒီအရွယ်မှာ
ကိုယ့်ထက်လပိုင်းသာငယ်ပေမဲ့ ထက်မြတ်
ကတော့ကလေးတစ်ယောက်လိုဖြူစင်နေတုန်း။အဲ့တာတွေကြောင့်လဲငါမင်းကိုအထိခိုက်
မခံနိုင်တာ။အပြင်မှာလေအေးတွေကတိုက်နေတယ်
ဒီကောင်းလေးနဲ့တော့ကွာ။ကိုယ့်မှာတော့
သူ့အတွက်ဘယ်လိုလုပ်ပေးရမလဲပူနေရတာ
အိမ်ကထွက်လာတာ ဘာအပူပင်မှမရှိ
သလောက်ကိုအေးဆေးနေသည်။ညကြီး
မင်းကြီးစိတ်ကောက်နိုင်တဲ့အထိ။
မနေနိုင်မထိုင်နိုင် စိတ်ကောက်ပြေတဲ့အထိ
အနောက်ကလိုက်ချော့ချင်ပေမဲ့ ငါတို့က
စိတ်ဆိုးစိတ်ကောက်လုပ်ရမဲ့အခြေအနေတွေ
မဟုတ်ဘူးလေ ထက်မြတ်ရာ။မင်းစိတ်ထဲမှာကဘာမှမရှိပေမဲ့ငါတို့အခြေအနေကကျောင်းတုန်းကလိုအဖြူရောင်တွေမဟုတ်တော့ဘူးလေ။
ငါကမင်းကို...။ကြာရင်ခက်မယ်။