"ဟိန်း ငါ့ကိုထားမသွားပါနဲ့"
အိမ်မက်လမ်းထဲနှိုးထလာသည်နှင့် မြင်ရသည်
ကတိတ်ဆိတ်နေသောအခန်းကျယ်ထဲ ညမီး
အလင်းရောင်။တစ်သက်လုံးနေလာခဲ့သော
အိပ်ခန်းကျယ်ကို ပြန်ရောက်ထဲက ခဏတစ်
ဖြုတ်ခိုးကိုးရာအဖြစ်နေခဲ့သည့်အခန်းကျဉ်း
လေးလောက်အသားမကျမိတော့။ရုန်းထွက်မရခဲ့တဲ့အိမ်မက်ထဲကနေအခုထိ
အသက်ရှုမဝသေး တစ်ကိုယ်လုံးချွေးစီးတွေ
ကမျက်နှာတစ်ပြင်လုံးမှာပါတွဲခိုနေတာ။
အထိတ်တလန့်ပါးပြင်ကိုစမ်းမိတော့ချွေးစေး
တွေမဟုတ်တဲ့မျက်ရည်စတွေ။အိမ်မက်ထဲမြင်
တွေ့ခဲ့ရသည်ကိုပြန်တွေးမိတော့ထိတ်လန့်စွာ
...။မဟုတ်ဘူး။ခေါင်းကိုထုရိုက် အလန့်တစ်
ကြားခါရမ်းရင်းမြင်လိုက်ရသည်က အိပ်ခန်း
ကြမ်းပြင်ပေါ်ပြုတ်ကျနေတဲ့ ဂီတာ။နှလုံးက
အဆမတန်အခုန်မြန်လာသည်။ကုတင်ပေါ်
စောင်ပုံကြားထဲကနေအသိစိတ်မဝင်သေးသည့်
တိုင်အလျင်မြန်ကုန်းရုံးထမိသည်။ခြေထောက်
တွေကမခိုင်နေတော့ ကုတင်ပေါ်ကအဆင်းမှာ
ခြေယိုင်ပြီးထပ်ဆင့်ပြုတ်ကျသည်။ဂရုမစိုက်နိုင်
ပြုတ်ကျနေသောဂီတာရှိရာကိုအပြေးသွား၍
ကောက်ကိုင်မိသည်။ကိုယ်ကိုတိုင်သတိမထားမိတဲ့မျက်ရည်တွေကို
မထိန်းနိုင် ဂီတာကိုခပ်ဖွဖွပွတ်သပ်မိသည်။"မင်းက...မင်းကဘာလို့ပြုတ်ကျလာရတာလဲ"
ထိတ်လန့်စရာအိမ်မက်ထဲကနေရုန်းထွက်
ပေမဲ့ဘီလူးစီးသလို ခြေတွေလက်တွေလှုပ်
မရအသံထွက်မရဖြစ်နေတုန်း နံရံမှာချိတ်ထား
တဲ့ဂီတာပြုတ်ကျသံကြောင့် သာနှိုးထလာရ
တာ။အခန်းထဲမှာအစဉ်အမြဲချိတ်ထားတဲ့ဂီတာ
ညသန်းခေါင်ကြီးရုတ်တရက်နံရံပေါ်ကပြုတ်ကျလာသည်ကိုလန့်ရမည်ထက်အိမ်မက်ထဲတွင်
မြင်တွေ့ခဲ့သော..။ထိန်းချုပ်မရတဲ့ မျက်ရည်
တွေ ရင်ဘတ်ထဲအထိတစ်စုံတစ်ရာနစ်မြုပ်နေ
သလိုဆွဲထုတ်၍မရ။ကိုယ်ကိုတိုင်တောင်မသိ
လိုက်ဘဲငိုကြွေးနေမိသည်။တိတ်ဆိတ်နေတဲ့အခန်းထဲမှာတစ်ယောက်ထဲ
ပြတင်းပေါက်တွေမဖွင့်ထားပေမဲ့ အနားမှာ
အေးခနဲဖြစ်သွားတဲ့ခံစားချက်။ထူးဆန်းစွာ
ကြောက်ရွှံ့စိတ်မဖြစ်မိ။အခန်းထဲကိုအလျင်မြန်
ဝေ့ဝိုက်ကြည့်မိတော့ မီးရောင်မှိုန်ပြပြကလွဲ
တစ်ယောက်ထဲပင်။ပြုတ်ကျခဲ့တဲ့ဂီတာကို
နံရံထက်သူ့နေရာတွင်သေချာပြန်လည်ချိတ်
လိုက်သည်။ဂီတာပိုင်ရှင်ကိုစောင့်ရှောက်ပေးပါ။