ဆေးရုံအခန်းတံခါးကိုဖွင့်ဖွင့်ခြင်းမြင်လိုက်
ရတာက ကုတင်ပေါ်မှာလဲလျောင်းလျက်
အေးအေးချမ်းချမ်းအိပ်ပျော်နေတဲ့ကောင်လေး
တစ်ယောက်နဲ့ကုတင်ဘေးကခုံပေါ်မှာတော့
ထိုင်လျက်သားနဲ့ခေါင်းမှီပြီးအိပ်နေတဲ့
ဟိန်းတေဇပိုင်။ဘာစကားသံမှထွက်မလာမိအောင်တားဆီး
လိုက်သည်က တစ်ယောက်လက်ကို
တစ်ယောက်ဆုပ်ကိုင်ထားကြတဲ့မြင်ကွင်း။မနက်ခြောက်နာရီခွဲဆိုတော့ကိုယ်လာမိလိုက်
တဲ့အချိန်ကအရမ်းကိုစောသွားတာလား။
ဒါမှမဟုတ် တစ်ညလုံးအလွမ်းသယ်နေ
ကြလို့များအိပ်မပျော်နိုင်ဖြစ်နေကြလို့
လူဝင်လာတာမသိတဲ့အထိမနက်မှအိပ်ပျော်
သွားကြတာလား။မျက်စိရှေ့ကမြင်ကွင်းကို
မျက်နှာလွှဲ၍ဘာကိုမှမတွေးချင်တော့ပါ။တိတ်တဆိတ်ထွက်သွားဖို့ခြေလှမ်းပြီးမှ
ကုတင်ပေါ်ကကောင်လေးကိုပြန်ကြည့်မိတော့
နှစ်နှစ်ခြိုက်ခြိုက်ပင်အိပ်စက်လို့နေသည်။
ငါမင်းအပေါ်ငယ်ငယ်ထဲကထားခဲ့တဲ့သံယော
ဇဉ်ကနောက်မှရောက်လာခဲ့တဲ့ကောင်ကို
မမှီခဲ့ဘူးပဲ။ဆုံးရှုံးရမှတန်ဖိုးထားရမှန်းသိတဲ့
အချိန်ငါကအရမ်းကိုနောက်ကျသွားခဲ့ပြီ။အခန်းတံခါးကိုအသံမထွက်အောင်ဖြည်းဖြည်း
ခြင်းဆီပိတ်ပြီးခြေလှမ်းတွေကိုလာရာလမ်း
အတိုင်းနောက်လှည့်ပြန်လာခဲ့ရသည်။
မင်းရဲ့ကောင်းခြင်းဆိုးခြင်းအရာအားလုံးကို
လက်ခံနိုင်တဲ့မင်းကိုတန်ဖိုးထားပြီးချစ်တဲ့
သူဆီမှာပျော်ရွှင်ပါစေ ငါ့ရဲ့ညီလေး။
မင်းပျော်နေမှာပါ။"မနက်အစောကြီးဘယ်သူ့ဆီသွားတာလဲသား"
ခြံထဲကိုကားဝင်လာတာနဲ့အိမ်ရှေ့ထွက်စောင့်
နေတဲ့အမေ့ကိုတွေ့တော့ထိန်းထားသမျှပြို
လဲရသည်။"အမေမေးတာကိုဖြေလေ ဘယ်သူ့ဆီသွား
တာလဲ သားငယ်လေးဆီလား။အဲ့တာဆို
ဘာလို့ခဏလေးနဲ့ပြန်လာတာလဲ""ထက်မြတ် ကျွန်တော့်ကိုမလိုအပ်တော့ဘူး
အမေ။အခုမလိုအပ်တော့ဘူး""ဘာဖြစ်လာတာလဲသားရယ် အမေ့ကိုရင်ပူ
အောင်လုပ်နေတာလား။သားငယ်လေးက
သားကိုငယ်ငယ်ထဲကဒီလောက်ချစ်တာ
ဘာလို့မလိုအပ်ရမှာလဲ"