ဒီကနေ့မှ မိုးကောင်းကင်တိမ်တိုက်တွေဟာ
မိုးမရွာသော်လည်း မနက်ဝေလီဝေလင်းထဲက
အုံ့မှိုင်းနေသည်။လေထုအေးတွေရိုက်ခတ်နေ
သည်မှာလည်း ပတ်ဝန်းကျင်တစ်ခွင်လုံးပင်။ဆေးရုံကိုရောက်လာတဲ့အချိန် စိတ်လောနေ
သည့်ခြေလှမ်းတွေနဲ့အတူ လွမ်းနေခဲ့ရသည့်
မျက်နှာလေးကို တွေ့ချင်လှပြီ။တစ်ညလုံး
ကားမောင်းလာရတော့ မျက်လုံးတွေက
ကျိန်းစက်နေပြီး အလုပ်တွေကပါရက်ဆက်
လုပ်ခဲ့ရတော့လူကပင်ပန်းနေသည့်တိုင်
တစ်ယောက်သောသူဆီသွားရာခြေလှမ်း
တွေကျတာ့ပြင်းထန်နေသည်။လွမ်းလှပြီ။
အပြေးပြန်လာချင်ပေမဲ့ မပြန်လာရဲသည့်
အကြောင်းအရာတွေထဲပျက်ထားသမျှအလုပ်
တွေပဲနှစ်ပြီးလုပ်နေလိုက်တာဒီနေ့ဆိုသုံးရက်
မြောက်ကိုစွန်းနေပြီ။အဲ့ဒီကောင်လေးဟာ တစ်ယောက်ထဲနဲ့
အတွေးပေါင်းစုံကိုလိုက်တွေးနေတတ်ပြီး
စိတ်ထဲကမပါပဲ ပြောနေတယ်ဆိုတာသိပါ
တယ်။အရင်တုန်းကထက်မြတ်ထည်ဝါမရှိ
တော့ဘူးလို့ပြောနေတဲ့ ပုံစံလေးကိုကကိုယ့်
မျက်လုံးထဲမှာဘာဆိုဘာမှမပြောင်းလဲတာ
အဲ့ဒီကောင်လေးသိပါရဲ့လား။သူ့ရောဂါက
နည်းနည်းလေးမှ စိတ်ဆင်းရဲခံလို့မရဘူး
ထပ်ပြီးမေ့လဲမသွားရအောင် သဘောအတိုင်း
ထွက်လာခဲ့တာက ကိုယ့်ရဲ့သတ္တိမရှိခြင်းတွေ
လဲပါပါတယ်။ဒါပေမဲ့ ဘယ်ကိုမှထွက်မသွား
ပါဘူး စိတ်ပြေတဲ့အချိန်မှ စကားပြောမယ်
ဆိုပြီးတစ်ညလုံးဆေးရုံအောက်မှာပဲစောင့်
နေတာ။အဲ့ဒီညမှာပဲအလုပ်ကိစ္စပစ်ထားသမျှ
ကိုယ်ကိုတိုင်မသွားမဖြစ်အရေးတကြီးဖုန်း
ဆက်လာတော့ရန်ကုန်ကိုညတွင်းချင်းပြန်ခဲ့ရ
သည်။ဘာမှတောင်မပြောခဲ့ရပါ။မပြောရဲတာ
ဆိုပိုမှန်မည်။ကိုယ့်ရဲ့ရှိခြင်းမရှိခြင်းဟာ အဲ့ဒီကောင်လေး
အတွက်အရေးပါရဲ့လား တစ်ကယ်မသိ။
ပြီးတော့ အဲ့ဒီစမ်းတစ်ဝါးဝါးအခြေအနေမှာပဲ
မပြတ်မသားနဲ့ထွက်ပြေးလာခဲ့တာ နှစ်ကိုယ်
ကြားကပတ်သတ်မှုကို သွေးပူနေတုန်းမှာ
တစ်ခုခုမဖြစ်စေချင်လို့ဆိုတာရောအဲ့ဒီ
ကောင်လေးသိပါရဲ့လား။စိတ်ဆိုးနေလို့ပြော
တာဆိုရင် ဘယ်လောက်ပဲတောင်းပန်ရ
တောင်းပန်မှာ။တစ်ကယ်ပဲကိုယ်ကသနားစရာ
ကောင်ဖြစ်နေရင်တော့ အရင်ဘဝကိုပြန်သွား
ရမှာပါပဲ။ထပ်ပြီး အဲ့ဒီကောင်လေးဆီကနေ
ဝေးရာကိုထွက်ပြေးဖို့ ဆိုတာဘဝတစ်လျှောက်
ဒီသံသရာမှာပဲ လည်နေသလို မဖြစ်နိုင်တော့
ပါဘူး။