"ဒီနေ့က ဘုရားသွားရမဲ့နေ့ပဲ"
"ဘာနေ့မို့လို့လဲ"
ဘေးမှာရပ်နေပြီးဆေးတိုက်ဖို့ပြင်နေသူကို
ကုတင်ပေါ်မှာထိုင်နေလျက်မော့ကြည့်ပြီး
သူ့လက်ကိုဆွဲကာအနားကပ်စေလိုက်သည်။
အပတ်တိုင်းသူ့နေ့နာမ်ဖြစ်သည့်ဒီနေ့ရက်
ရောက်လာလျှင်ဘုရားသွားနေကြဖြစ်တော့
စိတ်ထဲမှာ တစ်ခုခုလိုနေသလိုပင်။"မင်း အခုဘာမှမဖြစ်တော့ဘူးမလား။
အဲ့တာဆို မသွားတော့လဲရလောက်
ပါတယ်နော်""ဘာဖြစ်လို့လဲ"
သူ့ကိုစိုက်ကြည့်ပြီးအလောတကြီးမေးမိတော့
နားမလည်နိုင်စွာ ဖြစ်နေသူကိုအခုဘာမှမဖြစ်
တော့ဘူးဆိုတာသိသော်လည်းစိုးရိမ်စွာပင်
သူ့လက်ကိုဆုပ်ကိုင်ထားမိတယ်။"ဟင်အင်း ဘာမှမဖြစ်ဘူး။နောက်မှ
ငါနေကောင်းရင်မင်းနဲ့ငါနဲ့ ဘုရားအတူတူ
သွားမယ်နော်""အင်း နေကောင်းတာနဲ့ဘယ်ကိုသွားချင်လဲ
သာပြော မင်းသွားချင်တဲ့နေရာတိုင်းကို
လိုက်ပို့ပေးမယ်""တကယ်လား"
"တကယ်ပေါ့ အခုတော့ဆေးသောက်လိုက်
အုံးနော်"နဖူးပေါ်ကျနေသည့်ဆံပင်တွေကိုသပ်တင်
ပေးနေပြီးဆေးသောက်ရန်ချော့မော့ပြောနေ
သည်ကိုသိသော်လည်း အခုချိန်မှာအလွန်
ပျော်နေမိတယ်။"အင်းသောက်မယ် အကုန်သောက်မယ်"
သူအသင့်ပြင်ပေးထားတဲ့ဆေးတွေကိုမော့ချ
ပြီး စိတ်မြန်စွာရေတစ်ခါထဲသောက်ချလိုက်
တော့ဆေးတွေမြိုချဖို့ခက်နေတာကိုအလျင်
မြန်ပင်ကျောပြင်ကိုလက်တွေနဲ့ပွတ်သပ်ပေး
လာသည်။"ဖြည်းဖြည်းသောက်လေ သီးကုန်ပြီ"
အသက်ရှုဖို့ခက်ခဲနေတဲ့ကြားက နှုတ်ခမ်း
တွေကပြုံးမိပြီးနီးကပ်နေတဲ့ခိုနားရာ
သူ့ရင်ခွင်ထဲမသိမသာတိုးဝင်မိတော့၏။အသေးဖွဲလေးကအစ ဂရုစိုက်တာခံချင်တယ်
ဆိုတာ ဒီလိုအရာကိုပြောကြတာလား။စိတ်ပူ
နေသူကို ရင်ခွင်ထဲကနေမော့ကြည့်ပြီး
ငြိမ်သက်နေချိန်မှာအခန်းပြင်ကတံခါးဖွင့်သံ
ကိုကြားလိုက်ရသည်နှင့်တစ်ပြိုင်နက်မြန်ဆန်
လွန်းစွာဝင်လာသောသူက။