Extra-1

35.9K 2.1K 37
                                    

မနက်မိုးလင်း အိပ်ရာနိုးတာနဲ့ရင်ခွင်ထဲမှာ
တိုးခွေ့ဝင်ရောက်နေတဲ့ လူသားလေးကို
ထွေးဖက်ထားရသည်မှာ ကိုယ့်ကို
နွေးထွေးစေသည့် အကြောင်းအရင်းပါပဲ။
အသက်ရှုသံလေးတွေမှန်မှန်နဲ့ နှစ်နှစ်
ခြိုက်ခြိုက်ကိုအိပ်ပျော်နေတာ။ရင်ခွင်ထဲက
မျက်နှာလေးကိုငုံကြည့်ရင်းပြုံးမိရသည်။

မနေ့တုန်းက မရိုးနိုင်သောအကြောင်း
အရင်းများစွာနဲ့ ဘာကိုကောက်လို့ကောက်
နေမှန်းမသိစကားမပြောပဲတစ်နေကုန်စိတ်ဆိုး
စိတ်ကောက်နေတာ။စိတ်ဆိုးရမယ်ဆိုရင်
ဟိုး ရှေးပဝေပဏီလက်ထက်ထဲကအကြောင်း
တွေကအစ မှတ်မိပြီးပြန်ပြောနေတတ်သည်။
အသည်းယားလို့ဒီအတိုင်းပဲထိုင် ကြည့်နေ
လိုက်တာ အဲ့ဒီမှာပိုဆိုးတော့တာပဲ။သူ့ကို
မချော့တော့ တစ်ယောက်ထဲတစ်ကုပ်ကုပ်နဲ့
ဘာတွေရေရွတ်နေမှန်းမသိပဲ နောက်ဆုံး
ငိုချင်းချတဲ့ လက်နက်ကြီးကိုထုတ်သုံးတော့
တာပဲ။ညသန်းခေါင်ကြီးအိပ်နေရာကနေ
ထငိုလို့ချော့ရ သူ့ကိုပစ်ထားတယ်ဆိုပြီးငို
နောက်ဆုံးငိုရတာမောသွားတော့မှပဲပြန်အိပ်
ပျော်သွားတော့တယ်။ညဘက်စိတ်ကောက်ပြီး
ဘယ်လောက်ပဲအဝေးမှာအိပ်အိပ် တစ်ရေးနိုး
ရင်ကိုယ့်ရင်ခွင်ထဲတိုးဝင်လာမြဲပင်။တစ်ကယ်
အသည်းယားတယ်။မဆိုးတော့ပါဘူး ပြဿနာ
မရှာတော့ပါဘူးဆိုတာကို မျက်နှာငယ်နဲ့
လျှောက်လျှောက်ပြော တစ်ကယ်တော့
တစ်ရက်တောင်မခံပါဘူး။ရင်ခွင်ထဲက
ကိုယ့်သေးသေးလေးကိုစိတ်ရှိလက်ရှိ
ဖြစ်ညှစ်ပြီးဖက်ထားချင်ပေမဲ့မလုပ်ရဲပါ။
အခုမှနေကောင်းခါစမှာပါးပြင်လေးတွေက
ဖောင်းဖောင်းလေးပြန်ဖြစ်လာပြီးလက်လေး
တွေက အခုမှနည်းနည်းပြန်ပြည့်လာတာ။

ဒီကိုရောက်ခါစမှာဆေးရုံမတက်ရတော့ပေမဲ့
အိမ်နဲ့ဆေးရုံဆိုတာ ကူးသန်းသွားလာနေရ
သလိုရက်ချိန်းပြည့်တိုင်းသွားနေရပြီး နေရာ
အသစ်မှာ ဒီကောင်လေးကနေသားကျ
လွယ်လို့သာတော်သေးသည်။သူ့ရောဂါ
အတွက် သာမန်လူတစ်ယောက်လိုနေနိုင်ဖို့
အရွယ်နဲ့မလိုက်အောင် ဆေးတွေကနေ့စဉ်
သောက်နေရဆဲပင်။ဆေးရုံအကူးအပြောင်းမှာ
လည်း သေသေချာချာဂရုစိုက်ရသည်။

တိမ်တိုက်၌ဖြစ်တည်သောWhere stories live. Discover now