နံနက်ခင်းရဲ့ နေရောင်ခြည်ဟာ အခန်းဆီသို့ဖြာကျကာ လှသွေးကြွယ်နေလေ၏။ မိုးရာသီဆိုပေမဲ့ ဒီနေ့ရဲ့နံနက်ခင်းဟာ မိုးသားတိမ်လိပ်တို့ကင်းစင်ပြီး ကောင်းကင်ကြီးက ကြည်လင်နေသည်။ သို့သော် ထိုသဘာဝတရားများနှင့်ဆန့်ကျင်စွာ Sehunနဲ့ မျက်နှာကတော့ နာကျင်မှုမျပေါ်လွင်နေသည်။
အား ခေါင်းကိုက်ပြီး မူးလိုက်တာ ဘယ်လိုဖြစ်လို့ဒီလေါက်တောင် မူးနေရတာလဲ ကျစ်!
ဘာကြောင့်မှန်းရယ်မသိ ခေါင်းတော်တော်ကိုက်ခဲနေသည်။ ညက အိပ်တာတော်တော်နောက်ကျသွားလို့များလား? မဟုတ်ပါဘူး ပုံမှန်ပါပဲ။
Baekhyunရော အိပ်နေတုန်းပဲလား Baekhyunကိုအော်ခေါ်ချင်ပေမဲ့အသံကထွက်မလာ။ကျွန်တော်နဲ့Beakhyunက တိုက်ခန်းတစ်ခုကို စပ်တူဝယ်ပြီးနေနေကြတဲ့ ငယ်သူငယ်ချင်းတွေပေါ့ဗျာ၊ ယောကျာ်းလေးနှစ်ယောက်ထဲမို့ ဖြစ်သလိုနေ ဖြစ်သလိုစားတာတော့ သိကြတဲ့အတိုင်းပေါ့။ တစ်ခါတစ်လေ (တစ်လကိုတစ်ခါ) ကျတော့်မေမေ ဒါမှမဟုတ် အန်တီDajin(Baekhyun မေမေ) လာမှသာ ကောင်းကောင်းစားရတာပေါ့လေ။
"ဒေါက် ဒေါက်"
အတွေးနယ်လွန်ခြင်းများကို တံခါးခေါက်သံကြောင့် ရုတ်သိမ်းလိုက်ရပြီ။ Baekhyunနိုးပြီထင်ပါရဲ့။
"Ohsehunရေ မထသေးဘူးလား ထတော့ဟ အလုပ်နောက်ကျတော့မှာပဲ"
အရမ်းချစ်ဖို့ကောင်းတဲ့သူငယ်ချင်းလေးပါပဲ၊ ထဖို့နေနေသာသာ ဒီမှာလူကအသံတောင်မထွက်နိုင်တာ ခေါင်းတွေလည်းကိုက်ခဲနေတာပဲ မြန်မြန်ဝင်လာပါ Byun Baekhyunရ။
"ဟာ ဒီလောက်နှိုးနေတာကို ဘာလို့ မထ....
အယ် sehunnie မျက်နှာက မသာမယာနဲ့ ဘာဖြစ်နေတာလဲ "တံခါးဖွင့်ဖွင့်ချင်းတွေ့လိုက်ရတာက ကျတော့်ရဲ့ရှုံ့တွနေတဲ့မျက်နှာပဲထင်ပါရဲ့၊ တကယ်ကို စိတ်ပူနေသောမျက်နှာနဲ့ Baekhyunရဲ့လက်က ကျတော့နဖူးပေါ်ရောက်လာပြီလေ။
"ကိုယ်တော့မပူပါဘူး ဘာဖြစ်နေတာလဲ Hunnie"
"ခေါင်းတွေအရမ်းထိုးကိုက်နေတာ"
"ညကဘယ်အချိန်မှ အိပ်တာလဲ"
"ပုံမှန်ပါပဲ"
