ဒီလိုနဲ့ ကျနော့်ရဲ့မနက်ခင်းဟာ ညိုးနွမ်းစွာ စတင်ခဲ့တယ်။
ကျနောသဘောကျပါတယ်ဆိုတဲ့ ကျနော့ဝါသနာမှာလည်း မပျော်မွေ့နိုင်တော့ဘူး။
ဟွန်းက တခြားတစ်ယောက်ကိုချစ်နေတယ်ဆိုတာ ကျနော့်အတွက်အဆင်မပြေလှဘူး။
ကံတရားကလည်း ကျနော့်ဘက်မပါ စိတ်မပါဘဲ ငါးမျှားနေလို့ထင် ငါးလည်းတစ်ကောင်မှ မမိဘူး
ကျနော်အခန်းထဲမှာဘဲ အိပ်နေချင်တော့တယ်
ဒီခရီးမှာ ပျော်ရွှင်ဖို့ အများကြီးမျှော်လင့်ထားတာ
အခုတော့............
"Chanyeollie ဘယ်သွားမလို့လဲ နေမကောင်းဘူးလား
မျက်နှာကလည်း တစ်မျိုးပဲ""အင်း ညက အိပ်ရေးမဝလို့ထင်တယ် နည်းနည်းနုံးနေတယ် ကျနော်အခန်းပြန်နားဦးမယ် Sumbae"
"အေး အေး ကောင်းကောင်းနားလိုက် လိုတာရှိရင် ဖုန်းဆက်ပြောနော်"
"Nae Sumbae"
______________________
"ဘတ်ဟျွန်း အစောကြီးပြန်လာတာပဲ ဘယ်လိုလဲ ငါးတွေရော မိလား"
"မိတယ် အကောင်အကြီးကြီးပဲ မင်းကိုပြမလို့ ညကျ ကင်စားကြမယ်တဲ့"
"Aww အွန်း ကောင်းတာပေါ့"
"အိပ်ရေးဝပြီလား အခု"
ကျနော်Chanနဲ့တွေ့လာပြီးထဲက အခန်းထဲပြန်နားနေခဲ့တာ။ ငိုနေမိခဲ့တာ။ ကျနော်လုပ်တာ မှန်ပါတယ်နော်။
"အွန်း ကောင်းကောင်းနားလိုက်ပါတယ်"
"Sehun ငါ Chanကို ဖွင့်ပြောခဲ့တယ်"
"သူက ဘာတဲ့လဲ"
"Chanမှာ တစ်ဖက်သတ်ချစ်နေရတဲ့သူရှိတယ်ထင်တယ် ပြီးတော့Chanက အဲ့တစ်ယောက်နဲ့ ပတ်သက်ပြီး ဝမ်းနည်းနေသလိုပဲ"
"....."
"ဘာပဲဖြစ်ဖြစ် ငါကတော့ Chanချစ်လာတဲ့အထိ စောင့်မယ် ကြိုးစားမယ်"
"ဒီလောက်ချစ်ဖို့ကောင်းတဲ့ ငါ့သူငယ်ချင်းလေးကို Park Chanyeolက ချစ်လာမှာ မပူနဲ့"
ချစ်လိုက်ပါChan.........ကျနော့်ကိုမေ့ပြီးတော့........
လောကကြီးမှာ အပင်ပန်းဆုံးက ကိုယ့်စိတ်ကိုညာတာဆိုတာ အိုဆယ်ဟွန်းတစ်ယောက်မသိဘူးလား