ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သော အိမ်ကလေး၏ အိပ်တက်ပွဲကိုလာရန် ဒေါက်တာကိုယ်တိုင်ဖိတ်ခဲ့သည်။ အိမ်တွင်းပုံစံပြောင်းခြင်းကို Baekhyunက လုပ်မည်ဆိုသောကြောင့် ကျနော်မလုပ်ခဲ့ပေ။ ကျနော်တခြားအလုပ်များနှင့်ရှုပ်နေခဲ့၍ ခုမှဒီအိမ်ကို ခြေဦးလှည့်မိသည်ပင်။
Baekhyun ဒီအိမ်ကို သွားရောက်အလုပ်လုပ်တိုင်း အဲ့အိမ်ကအကြောင်းအရာလေးတွေ တစ်မျိုးမဟုတ်တစ်မျိုး နေ့တိုင်းပြောတက်သည်။
"Chanရဲ့အမေကလေ အရမ်းနုပြီးချောတယ်သိလား။ တကယ်တော့ Chanက အမေနဲ့တူတာ"
"Chanကလေ အိမ်မှာတော့ ကလေးလေးလိုပဲ Omoniကိုလည်း ချွှဲသေးတယ်"
"ဒီနေ့လေ Omoniက ခေါက်ဆွဲအေးလုပ်ကျွေးတာ အရမ်းအရသာရှိတာပဲ"
စသဖြင့် ပြောဆိုတက်သည်။
ဒီနေ့လည်း သွားကူပေးမယ်ဆိုပြီးထွက်သွားတာ အစောကြီး ကျနော့်တောင်မစောင့်ဘူး ဟွန့်။Baekhyunက ကားယူသွားတာမို့ ကျနော်Taxiနဲ့လာခဲ့ရသည်။ ခြံရှေ့ရောက်ပြီမို့ဆင်းလိုက်ကာ အိမ်ကြီးကို ရပ်ကြည့်နေမိသည်။
"ငါ့ရဲ့လက်ရာ ဒီဇိုင်းကာလာအနေအထားက အရမ်းတွေကောင်းမှန်းခုမှသိလို့ အဲ့လောက်ကြီးငေးနေတာလား"
နောက်မှကြားရသော Jonginစကားသံကြောင့် မျက်စောင်းလှမ်းထိုးမိသည်။ အံမယ် ညီအစ်ကိုနှစ်ယောက်လုံးက အရင်ကဝတ်ပုံစားပုံနဲ့မဟုတ်ဘဲ ကျနော်ဝတ်နေကျပုံစံမျိုးလေးနှင့် တမူထူးကာ ကြည့်ကောင်းနေသည်မို့ ငေးနေရင်း ပြုံးစိစိထြစ်သွားရသည်။
"အဟမ်း အဲ့လိုကြီးပေါ်တင်ငေးတာက ငါ့ကိုပဲငေးလေ Hyungမှာက Minseok Hyungရှိတာကို "
အကြောင်းသိသောJonginက လိုက်ပြီးစနေတာမို့ လက်မောင်းကို တစ်ချက်ထိုးလိုက်သည်။ ဒါတောင် မျက်နှာကစပ်ဖြဲဖြဲနဲ့ရယ်။
____________________
အင်္ကျီshirtအပြာနုရောင်လေးကို တစ်တောင်ဆစ်နားထိခေါက်တင်ရင်း ဘောင်းဘီအနက်နှင့် တွဲဝတ်ပြီး ချောမောနေတဲ့ ကျနော့်ရဲ့Sehun။ ခြံရှေ့မှာ Kimညီအစ်ကိုနှစ်ယောက်နဲ့အတူ အိမ်ထဲဝင်လာလေသည်။ နေရောင်အောက်က Sehunရဲ့အပြုံးလေးတွေက တလက်လက်....
