(20)

424 53 27
                                    

"ဘယ်တုန်းက ပြန်ရောက်တာလဲ Chanyeol ssi"

"မနေ့ကမှ ပြန်ရောက်တာပါ Jongin ssi"

"အားလုံးအဆင်ပြေတယ်မလား"

"ဟုတ်ကဲ့ အဆင်ပြေပါတယ်"

ထိုအချိန်တွင် အဝတ်အစားသွားလဲနေတဲ့ မင်ဆော့ ပြန်ရောက်လာလေသည်။

"Aww ဂျုံအင်ရောက်လာပြီလား မြန်လိုက်တာ"

"ဟုတ်ကဲ့ hyung

ဟွန်းကိုယ်တို့သွားကြတော့မလား နောက်ကျရင် ပစ္စည်းကုန်သွားတာတွေဖြစ်လိမ့်မယ်"

"အင်း သွားကြမယ်လေ hyungနဲ့ Dr.Chan ကျနော်တို့သွားလိုက်ပါအုံးမယ်"

"အွန်း သတိထားပြီးသွားကြ"

ဟွန်းရဲ့လက်ကိုဆွဲလို့ အပြင်ထွက်သွားတဲ့ဂျုံအင်
အဆင်ပြေနေတယ်မလား ဟွန်းပျော်ဖို့အတွက် ကိုယ်နောက်ဆုတ်ပေးခဲ့တာ သေချာပေါက်ပျော်နေရမှာနော်

"ဂျုံအင်နဲ့ဆယ်ဟွန်းက တွဲနေကြပြီလေ သုံးလကျော်ပြီ မင်းထွက်သွားပြီးမကြာဘူး သူတို့နှစ်ယောက်က ချစ်သူဖစ်နေကြပါပြီဆိုပြီး ပြောပြကြတာပဲ"

"........''

"ဂျုံအင်က အရမ်းပျော်နေတာ ဆယ်ဟွန်းကို အရမ်းချစ်တယ်ထင်တယ် ဘယ်ထဲကချစ်နေခဲ့လဲမသိပါဘူး"

"ဆယ်ဟွန်းကရော................ပျော်နေလား''

"အွန်း ဂျုံအင်က ဆယ်ဟွန်းစိတ်မညစ်အောင်ကို ဂရုစိုက်ပေးပါတယ် အစမှာတော့ ဆယ်ဟွန်းက ဂျုံအင်ကို သူငယ်ချင်းလိုပဲဆက်ဆံဖြသ်ပေမဲ့ အခုပြောင်းလဲနေပါပြီ
ဂျုံအင်အပေါ်ပိုပြီးခင်တွယ်လာတယ်"

"သူအဆင်ပြေရင်ပြီးတာပါပဲ"

အရင်ထဲက ကျနော်စိတ်ညစ်တိုင်း တိုင်ပင်ဖစ်ခဲ့တဲ့သူက
Sumbaeဖစ်ခဲ့တာမို့ ကျနော့်ရဲ့အချစ်ရေးကိုလည်း sumbaeကိုပဲပြောဖစ်ခဲ့တယ် နာမည်ထည့်မပြောပေမဲ့လည်း ကျနော်ဟွန်းကိုချစ်တာsumbaeသိပုံပေါ်တယ်

"အဆင်ပြေလား Chanyeollie မင်း Sehunကြောင့် ထွက်သွားတယ်ဆိုတာ ငါသိတယ်။ ငါသိချင်နေခဲ့တာ ဘာလို့ထွက်သွားတာလဲ သူ့အနားဆက်ရှိနေရင် သူကအခုမင်းချစ်သူဖြစ်နေလောက်ပြီ"

Uncontrolled Love Where stories live. Discover now