မနေ့ကအတော်လေးနားလိုက်သဖြင့် ဒီနေ့မှတော့ အားအင်တွေပြည့်ဝပြီး လန်းလန်းဆန်းဆန်းရှိနေပါပြီ။
Baekhyunက အရေးတကြီးဖုန်းလာတယ်ဆိုပြီး ချက်ချင်းထွက်သွားတာ ကားပါယူသွားတယ်ထင်တယ်။ဒီနေ့တော့Taxiနဲ့သွားရတော့မှာပေါ့။ကျနော်နဲ့Baekhyunက တိုက်ခန်း၊ကား၊အလုပ်တွေအလုပ်လုံးကို တူတူလုပ်ကြတယ်။ အလယ်တန်းကျောင်းသားလောက်ထဲက တတွဲတွဲနဲ့ နေလာခဲ့တာမို့ တစ်ယောက်ကိုတစ်ယောက် အရမ်းသံယောဇဉ်တွဲနေကြပါပြီ။
Shirtအင်္ကျီအဖြူလေးကို ဂျင်းဘောင်းဘီလေးနဲ့တွဲဝတ်ပြီး ခပ်ညိုညိုဆံပင်လေးတွေကို မှန်ကြည့်ရင်းသေချာ'သ'လိုက်တယ်။
အံမယ် အရမ်းတွေကြည့်ကောင်းနေတဲ့ အိုဆယ်ဟွန်းလေးပါဘဲxD
တိုက်ခန်းတံခါးကိုသေချာသော့ခတ်ပြီး ဓာတ်လှေကားထဲက မှန်မှာပေါ်နေတဲ့ ကိုယ့်မျက်နှာလေးကြည့်ရင်း အောက်ဆင်းလာခဲ့တယ်။
Taxiတစ်စီးကို တားလိုက်ပြီး ကျနော်တို့ရဲ့ 온화(အွန်းဟွာ)ကိုထွက်လာခဲ့လိုက်သည်။ရုံးခန်းထဲ ဝင်ဝင်ချင်း Jonginကိုတွေ့သည်။
"နေကောင်းသွားပြီလား Sehun"
"ကောင်းပြီ"
"အလုပ်တွေ အရမ်းမလုပ်ပါနဲ့ Sehunရယ်"
"မင့် hyungကိုသာပြောပါ အလုပ်တွေသိပ်မပေးနဲ့လို့"
ကျနော်ရော Baekhyunပါ ခပ်ဆက်ဆက်လေးအော်တော့ Jonginက သွားဖြဲပြတယ်။ တကယ်ပါ Kim Jongdaeဆိုတဲ့ hyungက အလုပ်အရမ်းလောဘကြီးတာ၊ အမြဲတမ်းမြန်မြန်လုပ်ဆိုတဲ့စကားပဲပြောနေပြီး စိတ်မြန်လက်မြန်နဲ့။
"ငါအခု နေမကောင်းဖြစ်တာ Jongdae hyungကြောင့်"
"ဟုတ်တယ် ငါလည်း ဘယ်နေ့ ဖြစ်မလဲမသိဘူး။ ဟွန့် "
တကယ်ပါ Kim Jongdaeဆိုတဲ့ လူက အရမ်းကို စိတ်မြန်တဲ့သူ။Jonginရယ် Baekhyunရယ် ကျနော်ရယ်က Uniတူတူတက်ကြတော့ Jongdae hyungနဲ့က ခင်တာနေကြာပေါ့။
ကျောင်းပြီးတော့ Baekhyunနဲ့ကျနော်က 'အွန်းဟွာ'လို့ခေါ်တဲ့ အိမ်တွင်းအလှဆင်တဲ့လုပ်ငန်းကို ကိုယ်ပိုင်ရုံးခန်းလေးနဲ့ဖွင့်ထားတယ်။ Jonginကတော့ Jongdae hyungရဲ့ ကုမ္ပဏီဖြစ်တဲ့ Kim Groupမှာဘဲ အလုပ်ဝင်ခဲ့တယ်။ Kim Groupက Constructionလုပ်ငန်းဖြစ်ပြီး Kim Groupရဲ့ အဆောက်အဦး တော်တော်များများဟာ လူကြိုက်များကြတယ်။ Kim Groupရဲ့ အဆောက်အဦးအများစုကို အလှဆင်တာကတော့ သေချာပေါက် 'အွန်းဟွာ'ပဲပေါ့။
