Jonginက သူဂျပန်ကို ရောက်တိုင်း သွားစားနေကြ ဆိုင်ရှိသည်ဟုပြောကာ ခေါ်လာသောဆိုင်က လက်လုပ်ခေါက်ဆွဲဆိုင်လေးဖြစ်သည်။
ကျွန်တော်တို့နှစ်ယောက် ခေါက်ဆွဲတစ်ယောက်တစ်ပွဲနှင့် ဆူရှီလိပ်လေးတွေနဲ့ ငါးအသာလွှာတွေစားပြီး ကားကို ဆိုင်နားမှာပဲ ရပ်ထားခဲ့ကာ လမ်းအတူတူလျှောက်နေကြသည်။
နေ့လည်ပိုင်းဆိုသော်လည်း နေမပူဘဲ လမ်းကြားလေးက နေပျောက်ထိုးရုံမျှ ဖြစ်သောကြောင့် လမ်းလျှောက်ရတာ အဆင်ပြေသည်။
လမ်းကြားလေးဟာ လူရှင်းပြီး တိတ်ဆိတ်နေသည်။
အပင်တွေကိုငေးကာ လမ်းလျှောက်နေသော.ကျွန်တော့်လက်ဖျားတွေကို ဆုပ်ကိုင်လိုက်သူက Jongin
ကျွန်တော်သူ့ကိုကြည့်လိုက်တော့ ရွှင်ပြပြုံးရယ်နေတဲ့မျက်နှာ
ကျွန်တော်လည်း.သူ့လက်ကို ပြန်လည်ဆုပ်ကိုင်ကာ စကားစမိသည်။
"Jongin''
"အွန်"
"ဘယ်တော့Koreaကိုပြန်မှာလဲ"
"အာ...ကိုယ်သုံးပတ်လောက်ထပ်နေရဦးမယ်ထင်တယ်"
"ဟင်''
"ဘာလဲ အခုထဲက လွမ်းနေပြီလား ကိုယ်က မလွမ်းရအောင် နေ့တိုင်းတွေ့ပြီးဂရုစိုက်ပေးမယ်လေ"
ပြောင်စပ်စပ်ရုပ်နဲ့ပြောလာတဲ့ Jongin
နေ့တိုင်းတွေ့ပြီးဂရုစိုက်ပေးရအောင် နေ့တိုင်းတွေ့မှာကျနေတာပဲ နိုင်ငံတောင်ခြားနေမှာကို
"ဘယ်လို တွေ့မှာလဲ ရေခြားမြေခြားနဲ့"
"Hunကလည်းကွာ တပတ်လောက်ပဲ မတွေ့ဘဲနေရမှာကို ကိုယ်က ဒီမှာ နေ့တိုင်း ရုံးမသွားဖြစ်ဘူး Hotelမှာ.နေတာက များပါတယ် Hunကို အဖော်လုပ်ပေးမယ် Hunသွားချင်တဲ့နေရာ အကုန်လိုက်ပို့ပေးမယ်"
"ဟင်"
ကျွန်တော်နားမလည်တဲ့မျက်နှာနဲ့လှမ်းကြည့်တော့ Jonginက ကျွန်တော့နှာခေါင်းကိုဆွဲညစ်ကာ
"ဘယ်လိုမျက်နှာလဲ ဒါက Hun ဒီမှာ တပတ်လောက်နေမှာပဲ မဟုတ်ဘူးလား''
"မဟုတ်ပါဘူး မနက်ဖြန်ပြန်မှာ"
"ဟမ်"
ခြေလှမ်းတွေ ရပ်လိုက်တဲ့ Jonginကြောင့် ကျွန်တော်ပါ ရပ်လိုက်တယ်
