(28)

572 55 7
                                    

ဒီနေ့တင်ပြခဲ့တဲ့ ပရောဂျက်အသစ်က အဆင်ပြေခဲ့တာမို့ Hyungဆီ ဖုန်းဆက်အကြောင်းကြားပြီး စကားပြောခဲ့သေးတယ်။ Hyungနဲ့ ဖုန်းပြောပြီး ရေချိုးရင်းတွေးမိမြင်မိနေတာက တစ်ယောက်သောသူ....

ပထမဆုံး ကျွန်တော်ကိုယ်တိုင် တစ်ယောက်ထဲတင်ဆက်ခဲ့တဲ့ ပရောဂျက်အကြောင်းကို ကျွန်တော်ဂုဏ်ယူစွာပြောပြချင်တဲ့သူ ရှိပါသေးတယ်။

သူ.....ကျွန်တော့်ရဲ့ Hun

Sehunအကြောင်းမကြားရတဲ့သုံးရက်အတွင်းမှာ လွမ်းလိုက်တာ တကယ်ကို အများကြီး

ကျွန်တော့်ကို ချီးကျူးနေမဲ့ သူ့ပုံရိပ်တွေကို စိတ်ကူးယဉ်ကြည့်ပေမဲ့ စိတ်ကူးယဉ်ရုံမျှသာ

ကျွန်တော့်ဘေးမှာ Hunရှိမနေခဲ့

Hunက တွေဝေတတ်ပြီး မပြတ်မသားဖြစ်တတ်တဲ့ အကျင့်ကို ကျွန်တော်သိရဲ့သားနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းအထင်ကြီးမိခဲ့တာလား

ကျွန်တော့်အနားမှာ အချိန်အများကြီးရှိနေခဲ့ပေမဲ့ Hunကို ကျွန်တော့်အပေါ်မှာ.သံယောဇဉ်ပဲ ရှိခဲ့တယ်ထင်ပါရဲ့

အစကတော့Hunအနားမှာနေရရင် ကျေနပ်ပါပြီဆိုတဲ့ ကျွန်တော်က Hunရဲ့ချစ်သူဖြစ်သွားတဲ့အပေါ်မှာ Hunရဲ့အချစ်ကိုပါ ပိုင်ဆိုင်ချင်တဲ့အထိ လောဘတွေ ကြီးလာခဲ့တယ်။

အခုHunက ကျွန်တော့်ကို လမ်းခွဲကြရအောင်လို့ ပြောလာရင် ကျွန်တော်က အေးချမ်းစွာ တည်ငြိမ်စွာ လမ်းခွဲပေးရင်း Hunပတ်ဝန်းကျင်နားမှာပဲနေမယ်

အနီးကပ်စောင့်ရှောက်လို့မရလည်း အဝေးကလည်း မင်းကိုအမြဲချစ်နေမှာကိုယ့်ရဲ့Hun....

ရေချိုးပြီး ညဝတ်အင်္ကျီလဲကာ ရေစိုနေတဲ့ဆံပင်ကို တဘတ်နဲ့ သုတ်နေရင်း ညစာစားဖို့ပြင်လိုက်တယ်။

Hotel Receptionကို ဖုန်းဆက်ပြီး ညစာမှာပြီးတဲ့နောက်မှာ orange juiceလေးတစ်ခွက်ဖျော်ပြီး စာအုပ်လေးတစ်အုပ်ကောက်ဖတ်နေလိုက်တယ်။

စာအုပ်ဖတ်နေတာ 10မျက်နှာလောက်အရောက်မှာ bellမြည်သံကြောင့် တံခါးဖွင့်လိုက်တော့ ညစာလာပို့တဲ့ ဟိုတယ်လ်ဝန်ထမ်း

Uncontrolled Love Where stories live. Discover now