Zawgyi
ဒီနေ့ Hunက Baekhyunနဲ့အတူ အိမ်မှာပဲ နေ့လည်စာစားမယ်လို့ ပြောတာကြောင့် ကျနော်ပါ အတူစားရန် Hunတို့အိမ်ကို လာခဲ့တယ်။
Car parkingမှာ ကားရပ်လိုက်တော့ Hunတို့ကားက ရှိမနေ။
အပြင်သွားပြီးတခုခုဝယ်နေတာလား
ကျနော် bellကို တမင်မတီးဘဲ passwprdရိုက်ပြီး တံခါးကို ဖွင့်လိုက်တဲ့ အချိန်မှာ ကျနော်ကြားလိုက်ရတာက
"ကိုယ်က Beakhyunနဲ့ အဆက်အသွယ်ရနေတာမို့ သူပြောပြတဲ့ Hunနဲ့ Kim Jonginချစ်သူဖြစ်သွားပြီဆိုတဲ့ သတင်းကြားရတဲ့အချိန်တွေမှာ ကိုယ်ဘယ်လောက်ပြိုလဲခဲ့ရလဲ Hunသိလား"
ကျနော်သိတာပေါ့ ဒီအသံက Park Chanyeolရဲ့ အသံဆိုတာ
ကျနော်လည်း အထဲဆက်မဝင်ဘဲ တခါးဝမှာတင် ရပ်နေမိတယ်
"မသိဘူး မသိဘူး ကျနော်ဘာမှမသိဘူး''
"Hunကို အရမ်းချစ်တယ် အရင်ထဲက အခုထိ Hunတယောက်ထဲကိုပဲချစ်တာ"
ကျနော်ကလည်းအရင်ကရော အခုရော Hunတစ်ယောက်ထဲပါပဲ
"တောင်းပန်ပါတယ် ကျနော့်မှာ ချစ်သူရှိတယ်"
Hunရဲ့ ဒီစကားသံလေးကြားတော့ ကျနော်ပြုံးမိတယ်
"Baekhyunကိုယ့်ကို ပြောပြပြီးပြီ Hunက Kim Jonginကို မချစ်သေးဘူးတဲ့''
ခုထိလားHunရယ် မင်းသာအခု ကိုယ့်ကို မချစ်သေးပါဘူးလို့ပြောရင် ကိုယ်လေ.....
"Baekhyunက ကျနော့်ခံစားချက် အကုန်လုံးကို မသိပါဘူး"
"အရင်ကလည်း Hunကိုယ့်ကို ချစ်နေရဲ့နဲ့ ဟန်ဆောင်ပြီး ကိုယ့်ကို အဝေးတွန်းပို့ပြီးပြီ ဒီတခါတော့ ကိုယ့်ကို အခွင့်အရေးပေးသင့်တယ်
Hunဆီမှာ ကိုယ့်အတွက် ခံစားချက်တွေ ကျန်နေသေးတယ်မလားဟင်"
ကျန်နေသေးသလား Sehun
"ဟင့်အင်း မကျန်တော့ဘူး"
"Hun!!''
"ကိုယ်မျက်လုံးကိုကြည့် Hun
အရင်တခါက Baekhyunကို အားနာနေသလိုမျိုး
Hunအခု Kim Jonginကို အားနာနေတာ သိလား