(17)

491 64 33
                                    

Jonginက ကျနော့အပေါ်သူငယ်ချင်းသံယောဇဉ်ထက်ပိုနေတယ်ဆိုတာကို ကျနော်အရမ်းအံ့သြရတယ်

သူက ကျနော့်ကိုချစ်တယ်တဲ့

ကျနော်က အဲ့တာကိုမသိဘဲ တခြားတစ်ယောက်ကိုချစ်မိတာတွေကို ရင်ဖွင့်မိခဲ့သေးတယ်

တောင်းပန်ပါတယ် Jonginရယ်

ကျနော်တစ်ယောက်ထဲ တွေးနေတာထက် နှစ်ယောက်တွေးတာ ပိုကောင်းတယ်လို့ စဉ်းစားပြီး Baekhyunကို ပြောပြခဲ့တယ်

Baekhyunက ခုတော့ဖွင့်ပြောပြီလားတဲ့ သူသိနေတာကြာပြီတဲ့ Jonginက ကျနော့ကိုတကယ်ချစ်တာမိုလို့ သေချာစဉ်းစားသင့်တယ်တဲ့

ကျနော်ဘယ်လိုလုပ်ရမလဲ.......

______________________

ဒီနေ့က စူပါမန်းဒေး ငါလေ လုံးဝရုံးမသွားချင် ><

အကြာကြီးနေမှ အလုပ်ပြန်လုပ်ရမယ်ဆိုတော့ ပျင်းနေတာရယ်

ဒါမဲ့လည်းသွားရမှာပေါ့ဗျာ ထပြီဟေ့ ထပြီ

ကျနော် ရေချိုးပြီး ထွက်လာတော့ Baekhyunက အဆင်သင့်ဖြစ်နေပြီ ရုံးသွားဖို့စောသေးတယ်လေ

"အစောကြီးပဲ သွားတော့မလို့လား"

"Omm Sehunရေ ဟာာာ"

Beakhyunက ပြုံးရယ်ရင်း ကျနော့ကိုပြေးဖက်လာသည်

"ဘာ...ဘာဖြစ်တာလဲ ဘာလို့လဲ"

"Chanကလေ.....Chanက ငါနဲ့တွဲကြမယ်တဲ့ ဟီး ဟီး
ငါ့ကိုချစ်လာအောင် ကြိုးစားကြည့်မယ်တဲ့ ညက မက်ဆေ့ပို့ထားတာထင်တယ် ငါကမနက်မှတွေ့တာ တွေ့တွေ့ချင်း မင်းကိုပြောပြချင်ပေမဲ့ မင်းအိပ်နေတော့ အားနာလို့ ဟီး Sehunသိလား ငါအရမ်းပျော်တာပဲ "

Chanက ဘယ်လိုဖြစ်ပြီး ဘာပဲဖစ်ဖစ်.......

"အရမ်းတွေပျော်နေတယ်ပေါ့ Big Congratulations ပါနော် နည်းနည်းလွှတ်ပါအုံးဟ အတင်းကြီးဖက်ထားတော့တာပဲ"

"ဟဲ ဟဲ ငါအရမ်းတွေပျော်နေလို့ပါ"

"ငါတကယ်ကို စိတ်ရင်းနဲ့ ဂုဏ်ပြုတယ်Baekhyun Chanyeol ssiက မင်းကိုချစ်လာမှာပါ"

"အွန်း ငါကလည်းချစ်လာအောင် ကြိုးစားမယ် အာ ခနနေ Chanက လာခေါ်မယ်ပြောထားတယ် အဲ့တာ ငါဒီနေ့ရုံးမသွားဖစ်တော့ဘူးနော် "

Uncontrolled Love Where stories live. Discover now