(8)

556 80 34
                                    

မိုးရာသီကုန်လွန်ပြီး ဆောင်းရာသီပင်ရောက်လို့လာလေပြီ။ ကောင်းကင်ကြီးမှာမှောင်မိုက်မနေဘဲ ကြည်လင်နေလှသည်။ ကျွန်တော်အိပ်ယာထပြီးဆေးရုံသွားဖို့ပြင်ဆင်နေသည်။ ဒီညကစလို့ သုံးရက်လောက်ဆေးရုံမှာဘဲ နေရဖို့များသည်။ ထို့ကြောင့် ပြင်စရာလေးတွေပြင်ဆင်နေရခြင်းပင်။ ကျနော်မနက်စားရန်အောက်ဆင်းလာတော့ Ommaက နှုတ်ဆက်လေသည်။

"နိုးလာပြီလား ဒီညdutyရှိတယ်ဆို သား လေးငယ်လည်းရှိတယ်ထင်တယ်"

"လေးငယ်က မနက်ပိုင်းရှိတာထင်တယ် ကျနော်ကတော့ ညကစပြီးသုံးရက်လောက်ကြာမယ်ထင်တယ်"

"ဟုတ်လား သား အလုပ်တွေရှုပ်ပြီးမအားဘူးဆိုပြီး အစားအသောက်တွေမစားဘဲ မနေနဲ့ဦး။ ommaထမင်းဘူးလာပို့ပေးရမလား"

"လာမပို့ပါနဲ့Ommaကလည်း ကျနော်က ကလေးလား"

"ဟင်း အိမ်ထောင်ဖက်လေးမဟုတ်တောင် ရည်းစားပဲဖစ်ဖြစ် ရှိရင်ကောင်းမှာဘဲ ငါ့သားရယ် "

Ommaစကားကြောင့်ကျနော်ကော်ဖီသောက်နေရာမှ ကော်ဖီခွက်ကိုချပြီး စကားပြောရန်ပြင်ရတော့သည်။

"Ommaကလည်း ရုတ်တရက်ကြီး"

"Chanyeollie ommaလေ Baekhyunလေးကို သဘောကျတယ်၊ Baekhyunက သွက်သွက်လက်လက်လေးနဲ့ချစ်စရာလေး ပြီးတော့ သားကိုလည်း သဘောကျနေသလားလို့"

"မဟုတ်ပါဘူးommaရယ် Baekhyunနဲ့ သားနဲ့က ဒီအတိုင်းမိတ်ဆွေတွေပါ"

"ဒီအတိုင်းမိတ်ဆွေတွေဆိုလည်း ဒီထက်ရင်းနှီးအောင်လုပ်တော့ တော်ကြာနေ သူများနောက်ပါသွားဦးမယ်"

သူများနောက်ပါသွားမှာ ဟုတ်တယ် Sehunလည်း သူများနောက် ပါနိုင်တာပဲ.....

"Omma ကျနော် Baekhyunမဟုတ်ဘဲ သဘောကျရမဲ့သူရှိတယ်"

"တကယ်! သားသူ့ကိုပြောပြီးပြီလား ဘယ်သူလဲ ဘယ်ကလဲ "

"သား သူ့ကို ခုထိဖွင့်မပြောရသေးဘူး"

"Park Chanyeolရယ် ဘယ်သူနဲ့တူလို့ အဲ့လိုနှေးကွေးနေရတာလဲ၊ သေချာတာက နင့်လေးငယ် Kim Junmyeonနဲ့တူနေတာနေမှာ၊ နင်လည်း ရှေ့မှာ မြင်တဲ့အတိုင်းဘဲ နင့်လေးငယ်ကအဲ့လို မထိတထိနဲ့ အေးအေးဆေးဆေးနေတော့ သူကြိုက်တဲ့ Minseokက သူများနောက်ပါသွားတာမလား တကယ်ပါဘဲ ကြိုက်နေတဲ့သူရှိနေလည်း မြန်မြန်ဖွင့်ပြောဘူး အိမ်ခေါ်လာတော့ ငါမင်္ဂလာဆောင်ပေးချင်နေပြီ"

Uncontrolled Love Where stories live. Discover now