(10)

540 81 28
                                    

ချစ်တယ်တဲ့လား

Chanသိလား အဲ့စကားကြားလိုက်ရတဲ့ ကျနော့်ရဲ့ ခံစားချက်က ဗလာဖြစ်နေခဲ့တယ်

ကျနော် Chanကို ဘယ်လိုသဘောထားလဲ ကျနော်မသိဘူး

Chanနဲ့ပတ်သက်တဲ့ ကျနော့်ခံစားချက်တွေကရော ဘယ်လိုရှိလဲ ကျနော်ဘာမှ သေချာမသိဘူးChan.....

Chanကျနော့်ကို ချစ်တယ်လို့ပြောတဲ့အချိန် ကျနော့်အတွေးထဲ ဝင်လာတဲ့က Baekhyunပဲ

Baekhyunက Chan့ ကို ချစ်တယ်တဲ့.......
သူChanကို အများကြီးချစ်တာ ကျနော်သိတယ်...

ဘာလို့Chanချစ်တဲ့သူက Baekhyunမဟုတ်ဘဲ ကျနော်တဲ့လဲ ဒါမဖြစ်သင့်ဘူးမလား......

"ဟင်း.........."

"တနေ့လုံး သက်ပြင်းတွေချည်းချနေတော့တာပဲ မနက်ထဲက မျက်နှာလည်းမကောင်းဘူး ဘာဖြစ်နေတာလဲ"

"Jongin...."

"အင်း......ဘာဖြစ်တာလဲပြော ငါဖြေရှင်းပေးမယ်"

"ဒီ ကိစ္စက ငါကိုယ်တိုင်းဖြေရှင်းမှ ဖြစ်မှာဆိုပေမဲ့ ငါတစ်ယောက်ယောက်ဆီက အကြံဥာဏ်ယူပြီး ဖြေရှင်းရမယ်ထင်တယ်"

"အင်း အဲ့ တစ်ယောက်ယောက်က ငါဖြစ်ပေးမယ်လေ"

"Jongin"

"ကဲ လာပါ ဒီနားက စကားပြောလို့ကောင်းမဲ့နေရာလေးသွားကြတာပေါ့"

_____________________

"Jongin ငါလေ တစ်ဦးတစ်ယောက်ရဲ့ ချစ်ခွင့်ပန်ခြင်းကိုခံခဲ့ရတယ် သူက ငါ့ကို ချစ်တယ်တဲ့လေ"

ချစ်ခွင့်ပန်တယ်? ငါမဟုတ်ဘဲ တခြားတစ်ယောက်?

"သူ ငါ့ကို ချစ်တယ်လို့ပြောတဲ့အချိန် ငါအရမ်းကို အံသြနေခဲ့တာ ပြီးတော့.....

အဲ့အချိန်က ငါရင်တွေ တအားခုန်နေခဲ့တယ်"

ပြီးတော့ မင်းပျော်နေခဲ့တယ်ထင်တယ် ခုပြန်ပြောပြနေတာတောင် မင်းမျက်ဝန်းတွေ လက်နေတယ်လေ

ဘယ်သူများလဲ ဆယ်ဟွန်းရယ် မင်းသဘောကျနေတဲ့သူကလေ

"အရင်တုန်းက ကောင်မလေးတွေကပဲ ရည်းစားစကားပြောတာ ခံဖူးလို့လားတော့မသိဘူး ငါရှက်လည်းရှက်နေခဲ့တယ်"

Uncontrolled Love Where stories live. Discover now