အချိန်တွေ အလီလီပြောင်းလာတာ နွေဦးတောင်ရောက်လာပြီ။ နွေဦးမို့ ရာသီဥတုလေးက နွေးထွေးကြည်လင်လှ၏။ ဒီနေ့က နွေဦးရာသီရဲ့ ပထမဆုံး ပိတ်ရက်လေးမို့ ကျနော်နဲ့ဂျုံအင် တောင်ပေါ်မှာ ပန်းတွေကြည့်ရင်း လမ်းလျှောက်ကြမယ်။ စကားတွေပြောမယ် Dateလုပ်မယ်မယ်ပေါ့။
နွေရာသီနဲ့လိုက်ဖက်အောင် ပေါ့ပေါ့ပါးပါးဖြစ်မဲ့ အဝတ်အစားကို ရွေးဝတ်ပြီး ဂျုံအင်လာခေါ်မှာကို စောင့်နေလိုက်တယ်။
🎵🎵사월이 지나면
그땐 우리 아무 일도 없듯이
발길이 돌려요.... 🎵🎵"ဟယ်လို..."
"အချစ်ကလေးထွက်ခဲ့တော့ ကိုကိုရောက်ပြီ"
"ငုံးဥကို ကိုကိုပါလား ထွက်ခဲ့မယ် စောင့်နေ
Baekhyunရေ ညနေစာစားဖို့လည်း မစောင့်နဲ့တော့"
"အမယ် တနေ့လုံးdateပေါ့ အေးပါ အေးပါ ငါ့ကိုချန်ထားကြပေါ့ ငါ့ရည်းစားရမှ လက်စားကိုချေပြအုံးမှာ မင်းတို့နှစ်ယောက်လုံးကို"
"အေးပါ...သွားပြီနော်"
"အေး...."
"မနက်စာ အရင်စားမယ်မလား ဟွန်း ဘယ်မှာစားမလဲ"
"Omm တောင်အောက်က ဆိုင်လေးတွေမှာဘဲ စားကြမယ်လေ ရှုခင်းလေးတွေကြည့်ရင်း"
"Ok ထွက်ခွာပါပြီ"
ဟုတ်တယ်။ ခင်ဗျားတို့ထင်သလိုပဲ။ ကျနော်နဲ့ ဂျုံအင်နဲ့ တွဲနေတာ သုံးလကျော်ပြီ။ ဒီနေ့က ကျနော်တို့တွဲတာ ရက်100ပြည့်တဲ့မို့ အမှတ်တရတွေ ဖန်တီးဖို့ တနေ့လုံး အချိန်ပေးခြင်းသာ။
အွန်း Chan သူထွက်သွားတယ်။ ဘယ်တွေရောက်မှန်းမသိနိင်တဲ့ ခရီးကိုသွားနေတယ် ။ ဘယ်တော့ပြန်လာမှာလဲ ဘယ်မှာရှိနေတာလဲ ကျနော်တို့မသိဘူး။ Chanက baekhyunကို အဖြေပြီးပြီး နောက်နေ့မှာ ထွက်သွားတော့တာပဲ။ Baekhyunနဲ့ ပြသနာဖြစ်လို့လားဆိုတော့လည်း မဟုတ်ဘူးတဲ့။ Baekhyunက ပြောတယ် သူစဉ်းစားစရာရှိနေတာတဲ့။
ထွက်မသွားခင်တရက်က ကျနော်နဲ့တွေ့ဖစ်တယ်။
ကျနော့ကို ကျေးဇူးတင်တယ်တဲ့။ ပြီးတော့ တောင်းပန်တယ်တဲ့။ ဘာအတွက်လဲလို့ ကျနော်မေးတော့
