(Zawgyi)
မနက်က Jonginတို အိမ်ကပြန်လာပြီး ကုမ္ပဏီရုံးခန်းကို တခါတည်း လာခဲ့လိုက်တယ်။
Baekhyunကို ဖုန်းဆက်နေပေမဲ့ ဖုန်းမကိုင်။
နေ့လည်စာ စားချိန်ရောက်မှ တခုခုဝယ်ပြီး လာခဲ့မယ်လို့ messageပို့ထားလိုက်တယ်။
ရုံးခန်းမှာထိုင်ရင်း အလုပ်အပ်ထားတဲ့ အိမ်ရဲ့ အတွင်းပိုင်းတွေကို ဘယ်လိုအရောင်သုံးရင်လိုက်မလဲလို့ computerနဲ့ အရောင်ရှာကြည့်နေတုန်းမှာ Jonginဆီက messageဝင်လာတယ်။
*နေ့လည်စာအတူတူစားမှာလား*
*Baekhyunနဲ့ရောလေ*
*လွမ်းတယ်*
ပိုလိုက်တဲ့ Kim Jongin။
ညကတစ်ညလုံးအတူတူ အိပ်ထားပြီး မနက်ကမှ ဒီကို လိုက်ပို့ထားတာကို
*အပိုတွေ အရမ်းလုပ်တာပဲနော်*
*ဒီနေ့Baekhyunမလာဘူး အိမ်မှာပဲ Baekhyunနဲ့ အတူစားလိုက်တော့မယ်*
*အလုပ်သေချာလုပ်*
*အွန်း အိုခေ ချစ်တယ် Hun*
*အွန်း*
ငါလည်းချစ်တယ်လို့ ပြန်ရေးချင်ပေမဲ့ မသေချာ မရေရာ ဖြစ်နေတယ်။
နေ့လည်ကျ Baekhyunနဲ့ စကားပြောပြီး
Park Chanyeolအပေါ်မှာ ကျနော့်ခံစားချက်တွေ ရှိသေးလားဆိုတာကို အရင်ဆန်းစစ်ရမယ်။တစ်ခုခုက သေချာမှ ဆုံးဖြတ်တာကောင်းပါတယ်။
အရင်ကလို အလျင်စလို ဆုံးဖြတ်ချက်ချပြီး မှားသွားမှာမျိုး နောင်တရတာမျိုးတွေ မဖြစ်ချင်တော့ဘူး။
အလုပ်ဆီ ပြန်ပြီး အာရုံစိုက်ပြီး ပြန်လုပ်လိုက်တော့ အချိန်က 11:45ကို ပြနေတာမို့ computerကို ပိတ်ကာ
ပိုက်ဆံအိတ်နဲ့ ဖုန်းကိုကောက်ကိုင်ပြီး Taxiငှါးဖို့ ထမင်းဆိုင်တစ်ခုခုကို ဝင်လိုက်တယ်။Baekhyunကြိုက်တတ်တဲ့ဟင်းတွေကို ရွေးဝယ်ပြီး အိမ်ကို ပြန်လာခဲ့တယ်။
Beakhyunက စိတ်ရှုပ်နေတဲ့အချိန်မျိုးဆို ဘာမှ မလုပ်ဘဲ အိပ်ယာထဲမှာပဲ ဝင်ခွေနေတော့တာ
Baekhyunက အမြဲ ပြုံးပြုံးပျော်ပျော်နေတတ်နေပေမဲ့ သူစိတ်ရှုတ်တဲ့ အခါတွေမှာတော့ တပတ်ကျော် နှစ်ပတ်လောက်ထိကို မှိုင်တွေနေတတ်တယ်။
