(5)

578 85 10
                                    

ဒီနေ့ ကားworkshopမှ ဆက်သွယ်လာသည်မို့ ကျနော် Park Chanyeolဆိုတဲ့ ဆရာဝန်ကို ဖုန်းဆက်ပြီး cafeတစ်ခုမှာ ချိန်းလိုက်သည်။ ကျတော်cafeဆိုင်ထဲစောင့်နေစဉ် အနက်ရောင်ကားပေါ်မှ ဆင်းလာသော သူ့ကိုတွေ့ရသည်။ သူ၏ အရပ်အမောင်းနှင့် ချောမောပြေပြစ်မှုများကြောင့် ဆိုင်ထဲက မဒီလေးတွေရဲ့အကြည့်ဟာ သူ့ဆီမှာ ဝေ့ဝဲနေကြတယ်။ ဆိုင်ထဲတွင် ဟိုကြည့်ဒီကြည့်လုပ်နေသည်မို့ ကျနော် လက်တစ်ဖက်ရင်ထောင်ပြလိုက်ရာ သူကျနော့ဆီ လျှောက်လှမ်းလာသည်။ ကျနော့ဆီကို ဦးတည်ပြီးလျှောက်နေတဲ့ သူ့ခြေလှမ်းတွေကို ကျနော်သဘောကျတယ်။

အမြဲတမ်းကျနော့ဆီကိုပဲ ဦးတည်ပေးမလား Chan.......

______________________

"အကြာကြီး မစောင့်လိုက်ရပါဘူးနော်"

"ကျနော်ရောက်တာ မကြာသေးပါဘူး Chan အာ Chanyeol ssi.... "

"ကျနော့်ကို အဆင်ပြေသလိုခေါ်ပါ အားမနာပါနဲ့"

"ဟုတ် ဒါနဲ့ ဒီမှာပါ ကားပြင်ဆင်စရိတ်"

"Arr ဟုတ် ကျနော် ဒီworkshopကို ငွေလွှဲလိုက်ပါ့မယ်၊ ခုတလော သွားရလာရတာရော အဆင်ပြေရဲ့လားမသိဘူး"

"Taxiနဲ့ သွားလာရတယ်ဆိုပေမဲ့ အဆင်ပြေပါတယ်"

အဲ့ညနေက ဘာရယ်မဟုတ် စကားတွေပြောဖြစ်ခဲ့ကြတယ်။ Chanနဲ့အတူရှိနေလို့လားတော့မသိဘူး အမြဲသောက်နေကျ  espresso coffee ကတော့ ချိုနေသလိုပဲ။ အချစ်ဆိုတာ သကြားလုံးလေးလို ချိုတယ်ဆို?

ကျနော် Chanကို ချစ်နေမိပြီလား.............

________________________

အိမ်အသစ်ဆောက်နေတယ်ဆိုတဲ့ သတင်းကလွဲပြီး လေးငယ်ဆီမှ ဘာမှထပ်မသိရ။ ဒါကြောင့် ကျနော်ဒီနေ့ လေးငယ်အိမ်အသစ်လေးကို ရောက်လာခဲ့တယ်။ ခြံဝင်းအကျယ်ကြီးထဲက ဆောက်လက်စ တိုပ်သစ်လေးဟာ မပြီးသေးတာတောင် ကြည့်လို့ကောင်းနေ၏။ ခြံထဲတွင် မြက်ခင်းပြင်များလည်းပါပြီး ကျောက်စရစ်ခဲသေးသေးလေးတွေပါ အလှဆင်ထားပုံက မျက်စိပဒေသာဖြစ်ရသည်။

တိုက်ဆောက်ဖို့ ဒီဇိုင်းဆွဲတဲ့သူနဲ့ အလှဆင်သူနှစ်ဦးက တော်တော်လေး လိုက်ဖက်ကြမည့်ပုံ။

Uncontrolled Love Where stories live. Discover now