[Zawgyi]
ဒီနေ့ကတော့ Kim Jongdaeနဲ့ Kim Minseokရဲ့
wedding dayလေးပါလုပ်ငန်းနဲ့ ဆက်စပ်တဲ့ အရေးကြီး မိတ်ဆွေတွေရယ်
ကျောင်းတုန်းက သူငယ်ချင်းတွေရယ်နှင့် စီနီယာ ဂျူနီယာတွေရယ်နှင့် ဧည့်ခံပွဲက အတော်လေး ခမ်းနား၏။Hyungsတို့ မဂ်လာဆောင်မို့ Chanတို့ မိသားစုအကုန်လုံးလာကြသည်။
မတွေ့တာကြာတဲ့Chanက အနည်းငယ်မျက်နှာပြည့်လာကာ ကျန်းမာပုံပျော်၏။ စိတ်ချမ်းသာတယ်လို့ပဲ ကျွန်တော်ယူဆပါတယ်။
ဧည့်ခံပွဲကို အောင်မြင်စွာကျင်းပပြီးနောက် သတို့သားနှစ်ယောက်က ဟန်းနီးမွန်း ချက်ချင်းသွားကြသည်။
နောက်ဆိုမအားမှာစိုးလို့တဲ့ အလုပ်သရဲ Kim Jongdaeက
Hyungsတို့သွားကြတော့ အခမ်းအနားကို အစကနေစီစဉ်သူတွေတဖြင့်လည်း အဆုံးထိ အပြီးသတ်ပေးဖို့
ကျွန်တော်တို့သုံးယောက် အလှုပ်ရှပ်ကြရပြန်တယ်Chanကပါ ကူပေးပြီး ညနေလောက်မှ လေးယောက်သား ကျွန်တော်တို့ တိုက်ခန်းသွားတာ ဘီယာလေးဘာလေး သောက်ကြသည်။
မတွေ့တာကြာတဲ့ Chanအကြောင်းတွေးမေးရင်း ဖြေရင်းနဲ့ပေါ့
Chanက ဒီနှစ်လပြီးရင် ဒီမှာဘဲ ဆက်နေသွားမှာတဲ့
Chanမေမေ အန်တီက ခဏခဏ ပြန်လာဖို့ပြောလို့တဲ့ကျွန်တော်တို့လေးယောက်ထဲ တိုက်ခန်းတစ်ခုထဲမှာရှိတာဟာ သိပ်တော့အဆင်မပြေ ဇာတ်လမ်းရှုပ်ခဲ့ကြတာကို တွေးမိပြီး ရီချင်တာလိုလို ဝမ်းနည်းတာလိုလို
Chanက ကျွန်တော့်ကို ချစ်သေးနေသေးတာ မြင်ရတယ်
ဒါပေမဲ့ အရင်ကလို Chanအချစ်တွေကို မမြင်ချင်ယောင် မဆောင်တော့ဘူး
အဲ့ဒါက Chanရော ကျွန်တော်ပါ နာကျင်ရတယ်
Chanလည်း ကျွန်တော့်ကိုချစ်ပေမဲ့ Jonginနဲ့ ကျွန်တော့ကို စိတ်ချပုံပေါ်တယ်
Baekhyunရဲ့ ငေးနေရတဲ့ အကြည့်တွေကတော့ စိတ်ကျဉ်းကြပ်စရာဆိုပေမဲ့ အတင်းတိုက်တွန်းတာက ဘယ်သူ့အတွက်မှ မကောင်းတာကြောင့် ကျွန်တော် မသိချင်ယောင်ဆောင်မိတယ်
