Zawgyi
"Chan ကျနော်ဒီမှာ"
"မတွေ့တာကြာပြီနော် Baekhyun"
"ကျနော့်Chanကိုအမြဲသတိရနေခဲ့တာ အန်တီကိုရော Suho hyungကိုရော ခဏခဏမေးနေတာ Chan့အကြောင်းကို"
"ဟုတ် အခုလို အားလုံးနဲ့အဆက်အသွယ်ဖြတ်သလိုဖြစ်သွားတာ ကျနော်လည်းအားနားရပါတယ်
Baekhyun အားလုံးအဆင်ပြေတယ်မလား"Chanကိုလွမ်းနေရတာလွဲလို့အကုန်အဆင်ပြေပါတယ်
"ဒါပေါ့ အဆင်ပြေတာပေါ့"
"ဒါဆို အစားအသောက်တွေမှာရင်းစကားဆက်ပြောကြတာပေါ့ ကျနော်ဝယ်ကျွေးမှာမို့ အားမနာဘဲကြိုက်ရာရွေးမှာပါ"
"ဟုတ်ပြီ"
"ဒါနဲ့ဟိုတနေ့က Sehunနဲ့တွေ့တယ်ဆို သူပြောလို့Chanပြန်ရောက်နေမှန်းသိတာ ကျနော်က သိသိချင်းဆက်သွယ်လိုက်လို့ ဒီမှာဆုံဖြစ်တာထင်တယ် မဟုတ်ရင်Chanကဆက်ပြီးပုန်းနေမလားမသိဘူး"
"မပုန်းတော့ပါဘူးဗျာ မဟုတ်ရင်တောင် ကျနော်က Baekhyunကိုလာတွေ့မှာပါ ပြောစရာရှိနေလို့လေ"
"ဟုတ်လား ပြောလေ ဘာပြောမလို့လဲ"
"အရင်စားလိုက်ပါဦး နောက်မှအေးဆေးပြောပါ့မယ်"
"OK''
တောင်းပန်ပါတယ်Baekhyun ssi
ဒါပေမဲ့ ကျနော်ကြိုးစားကြည့်ချင်သေးတယ်။
Hunက အရင်က ကျနော့်ကိုချစ်ခဲ့ဖူးတာပဲ။ ကျနော်အတွက်အခွင့်အရေးရှိသေးတယ်လို့ထင်တယ်။ အားလုံးနာကျင်စေမဲ့ နည်းလမ်းကိုမှ ရွေးမိလို့တောင်းပန်ပါတယ်။
ကျနော်Hunကို အရမ်းချစ်တာမို့လို့ပါ။ ကျနော်ပိုင်ဆိုင်ချင်တယ်။ ကျနော့်ချစ်သူကောင်လေးဖြစ်စေချင်တယ်။
တောင်းပန်ပါတယ်"စားလို့ပြီးပါပြီး ကောင်းကောင်းစားလိုက်ရပါတယ်"
"ဒီနားက cafeလေး သွားကြမလား နေ့လည်စာစားပြီး အချိုတည်းဦးမှပေါ့"
"Chanသဘော"
နေ့လည်စာရောကော်ဖီပါတူတူသောက်နေရတာ မနက်ထဲကတွေ့နေတာမို့ မသိရင်dateလုပ်နေသလိုမျိုး ခံစားရလို့ပျော်နေပေမဲ့ ဘာလို့စိတ်လေးသလိုမျိုးဖြစ်နေရတာလဲ။ တကယ်ပဲChanက ဘယ်လိုအကြောင်းအရာတွေပြောစရာရှိနေတာလဲ
