(27)

439 52 11
                                    

Zawgyi

Uncontrolly Love

အုံ့မှိုင်းမှိုင်းရှိနေတဲ့ ရာသီဥတုနဲ့အတူ ခပ်နွေးနွေးဖွင့်ထားတဲ့ သီချင်းသံ

ချိုမြမြ ကော်ဖီအေးတခွက်နဲ့ cafe'ရဲ့ အပြင်ဘက်ကို ငေးနေတဲ့ကျွန်တော်

ရုံးဖွင့်ရက် မနက်10နာရီမှာ cafe'လေးက လူရှင်းနေတယ်။ တစ်ဆိုင်လုံးမှာမှ ကျွန်တော်အပါအဝင် လူ5ယောက်မျှသာ

နီးလာတဲ့ဖိနပ်အသံနဲ့အတူ မျက်နှာနုနုပေါ်က ပါးချိုင့်တစ်ဖက်

ကျွန်တော့်နှုတ်ခမ်းစွန်းတွေကို ကွေးအောင် ရီပြနှုတ်ဆက်စဉ် ကျွန်တော့်အရှေ့ခုံမှာ နေရာယူလိုက်တဲ့ Chanက

"ရောက်နေတာ ကြာပြီလား Hun အကြာကြီးစောင့်လိုက်ရလား "

ကျွန်တော်ပြုံးရင်း ခေါင်းခါပြမိတယ်

"ကျွန်တော်က တမင်စောထွက်လာတာမို့ပါ အကြာကြီးလည်း မစောင့်လိုက်ရပါဘူး"

"Imm..''

"တစ်ခုခုမှာဦးမလား"

"အင်း ကိုယ်မှာခဲ့ပါမယ်"

"......''

"Hunနေကောင်းတယ်မလား အဲ့နေ့က ကိစ္စအတွက် ကိုယ်တောင်းပန်ပါတယ်"

"နေကောင်းပါတယ် ပြီးတော့ အဲ့နေ့က Chanအမှားတွေချည်းပဲလည်း မဟုတ်တာမို့ အဲ့လိုတောင်းပန်ဖို့မလိုပါဘူး"

Chanက ခေါင်းငုံ့သွားကာ

"ကိုယ့်ကြောင့် Hunနဲ့ Kim Jongin ပြသနာတက်တယ်မဟုတ်လား ကိုယ်Kim Jonginကို တောင်းပန်ဖို့လုပ်နေပေမဲ့ ကိုယ်နဲ့အဆက်အသွယ်မရဘူးဖြစ်နေတယ်''

"ရပါတယ် Chan...''

waitorမှ coffeeတစ်ခွက် လာချပေးတာကြောင့် ကျွန်တော် စကားကို အရှိန်သပ်လိုက်သည်။

Chanက coffeeကို တစ်ငုံသောက်သည်။

"Chan"

"......''

Chanက coffeeခွက်ကို ချကာ ကျွန်တော့အားကြည့်သည်

"ကျွန်တော်က ဒီနေ့Chanကို ပြောစရာရှိလို့ချိန်းလိုက်တာ"

ကျွန်တော် ဒီစကားကို ဖြေးဖြေးချင်းပြောလိုက်သည်

"အဟင်း"

Uncontrolled Love Where stories live. Discover now