သုံးလကျော် လေးလနီးပါးဖြစ်ခဲ့တဲ့အခါမှာတော့ ကျနော် ကိုရီးယားကို တစ်ခါပြန် ခြေချမိတယ်။ ကျနော်မလာမချင်း တဂျီဂျီ ဖုန်းဆက်ပြီး စိတ်ပူနေတဲ့ Ommaကြောင့် လာရခြင်းသာ။ ကျနော်ဟွန်းကိုတွေ့ရင် အဆင်ပြေပါ့မလား။
"အိမ်ပြန်ရောက်ပါပြီ"
"ဟယ် Chanyeollie သားလေး ဘယ်လိုရောက်လာတာပဲ သတင်းမကြားဘာမကြာနဲ့"
"Omma အရမ်းပျော်သွားအောင်လို့ supriseပေါ့ "
"ဒါပေမဲ့လည်း ကြိုပြောတော့ Omma သားကြိုက်တာလေးတွေ လုပ်ထားပေးလို့ရတာပေါ့ "
"ကျနော်က Ommaလုပ်ပေးတာ အကုန်ကြိုက်ပါ့ဗျာ
ဒယ်ဒီနဲ့ လေးငယ်ရော""သား ဒယ်ဒီကတော့ companyမှာပေါ့ လေးငယ်ကလည်း ဆေးရုံမှာပဲ "
"Ok သိပြီ အားလုံးပုံမှန်ပဲပေါ့"
"သားအခုထမင်းစားတော့မလား"
"ခဏနားလိုက်ဦးမယ်လေ ဒယ်ဒီနဲ့လေးငယ်ပြန်လာမှ တူတူစားမယ်"
"Omm Ommaသူတို့ကို မြန်မြန်ပြန်လာဖို့ ဖုန်းဆက်ထားလိုက်မယ် သွား သွားနားတော့ Ommaအခန်းကိုနေ့တိုင်း ဝင်ရှင်းထားတာမို့ ဒီအတိုင်းအိပ်လို့ရတယ် သား"
"ဟုတ်"
__________________
After dinner
"အပြီးပြန်လာတာမလား Chanyeol"
"မဟုတ်ဘူး လေးငယ်၊ ခဏပြန်လာတာ။ ကျနော်ရွာလေးတွေက လူနာတွေကို လိုက်ကြည့်ပေးဖို့ပြောထားတယ် "
"ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ခရီးသွားရင်းဆေးကုချင်သွားရတာလဲ Chanyeol မင်းဆေးရုံမှာလည်း အဆင်ပြေနေတာပဲမလား "
"ဒီလိုပဲ ကျနော်လုပ်ချင်လို့"
"မသေချာမရည်ရာတဲ့ အကြောင်းပြချက်တွေနဲ့ မိသားစုနဲ့ အဝေးမှာ နေမနေနဲ့ Chanyeol, ငါထွက်စာလည်း မတင်ထားဘူး ဆေးရုံအုပ်ကလည်း မင်းကိုပြန်လာစေချင်တယ် ဒီမှာပဲနေပြီး ဆေးရုံမှာ ပြန်လုပ်တာကောင်းမယ်လို့ လေးငယ်အကြံပြုချင်တယ်။ မင်းမိဘတွေလည်း လေးငယ်ဆန္ဒအတိုင်းဘဲ ဖြစ်နေကြမှာ သေချာစဉ်းစား Chanyeollie"
