17 : snowflake

1.9K 250 33
                                    

snowflake I catch you tonight

သီဆိုမှုပြီးဆုံးသွားပြီးနောက် သူတို့နှစ်ယောက်သည် ဂေဟာနှင့် မနီးမဝေးတွင် တည်ရှိနေသော တောင်ကုန်းငယ်လေးဆီ လမ်းလျှောက်ထွက်လာကြသည်။ ဘိုးဘွားရိပ်သာသို့ လာကူညီကြသော စေတနာ့ဝန်ထမ်းများမှာလည်း ရိပ်သာကိစ္စများကို အသီးသီး လုပ်ကိုင်နေကြ၏။ တချို့မှာ အဝတ်များနှင့် စောင်များကို လျှော်ဖွတ်နေကြပြီး တချို့မှာ အဘိုး၊ အဘွားများကို သန့်ရှင်းရေးလုပ်ပေးနေကြသည်။ ဂေဟာအရှေ့ တံမြက်စည်းလှည်းနေကြသူများလည်း ရှိသလို မြက်ခင်းပြင်အား ရေဖြန်းနေကြသူများလည်းရှိ၏။

တောင်ကုန်းငယ်လေးသည် ဂေဟာတစ်ခုလုံးကို ကောင်းစွာ မြင်နိုင်ရုံသာရှိပြီး များစွာ မမြင့်မားပေ။ တောင်ကုန်းပေါ်တွင် လေညင်းမှာ ညင်သာစွာ တိုက်ခတ်နေကာ အလေ့ကျပေါက်ရောက်သော ပန်းရနံ့မှာလည်း လေနှင့်အတူ လွင့်ပျံလာသည်။ အပြာရောင်ကောင်းကင်ထက် ငှက်တစ်အုပ် ပျံသန်းသွားသည်ကို မထင်မှတ်ဘဲ တွေ့လိုက်ရ၏။ တိမ်လွှာသည် ရွေ့လျားသွားပြီး နေရောင်ခြည် တစ်စွန်းတစ်စသည် သူတို့ပေါ် လွှမ်းခြုံလာသည်။

"ကျွန်တော့်စိတ်တွေ မတည်ငြိမ်တဲ့အခါတိုင်း ဒီကိုလာဖြစ်တယ်...အထူးသဖြင့် အသက်ဆက်မရှင်ချင်လောက်အောင် မျှော်လင့်ချက်မဲ့နေတဲ့ အခါမျိုးမှာပေါ့...ကိုယ့်ကိုယ်ကိုယ် တစ်စက်လေးမှ အသုံးမဝင်ဘူးလို့ ခံစားရရင် အဘိုး၊အဘွားတွေက ကျွန်တော့်အတွက်အားအင်လေးပဲ၊ ကျွန်တော် လာမဲ့နေ့ကို သူတို့စောင့်နေကြတယ် အနည်းဆုံးတော့ ကျွန်တော့် တည်ရှိမှုကို သတိပြုပေးကြတယ်လေ"

ထယ်ဟျောင်းသည် ခံစားချက်များ လွှမ်းခြုံနေသော ဂျောင်းဂုမျက်နှာကို အကြည့်မလွှဲဘဲ စိုက်ကြည့်နေသည်။ ဂျောင်းဂုမှာတော့ ကောင်းစွာ မြင်နေရသော‌ ဂေဟာကို ပြုံးလျက် ငေးကြည့်နေသည်။

"ဒီမှာရှိတဲ့ အဘိုး၊အဘွားတွေက သနားဖို့အရမ်းကောင်းတယ် မှတ်ဉာဏ်တွေ ပျောက်ကွယ်နေတာတောင် ဝေဝါးနေတဲ့အစိတ်အပိုင်းတချို့နဲ့ သူတို့ချစ်ရသူတွေကို အမှတ်ရနေကြတာ ဒီကို မလာမှန်းသိနေတာတောင်အမြဲတမ်း တစ်ရက်မပြတ် စောင့်မျှော်နေကြတယ် အမြဲ စောင့်နေတယ်၊ ဘယ်လောက်မှမကျန်တော့တဲ့ အချိန်အတွင်းမှာ အတတ်နိုင်ဆုံး ပျော်ဖို့ကြိုးစားကြတယ်...သူတို့သားသမီးတွေကို တွေ့ချင်ကြပေမဲ့ ကလေးတွေအတွက် အနှောင့်အယှက်ဖြစ်မှာစိုးလို့ အဲ့ဒီစိတ်ကို သိမ်းထားကြတယ်၊ သိလား ဂင်ထယ် တစ်ခါက အဘွားဆွန်းလီ ကျွန်တော့်ကို ပြောတဲ့စကားကလေ...အမြဲမဟုတ်ရင်တောင် တစ်ခါတလေတော့ သူတို့ဆီ လာပေးပါတဲ့

𝐁 𝐄 𝐋 𝐋 𝐀 𝐃 𝐎 𝐍 𝐍 𝐀 : 𝐤𝐭𝐡𝐣𝐣𝐤Where stories live. Discover now