01 : terrified

19.4K 792 23
                                        

now the rain's falling down and I'm ripped at the seams!

မိုးရွာနေသည့် လမ်းမများထက်တွင် သေဆုံးခြင်း ဝိညာဉ်များ တည်ရှိသည် ။

ထိုလမ်းမများထက်မှာ ဝမ်းနည်းခြင်း ရောယှက်နေသည့် ကားများစွာ ဖြတ်သန်း သွားလာနေကြ၏။ မွှေးပျံ့သည်ဆိုသော မြေသင်းရနံ့မှာ ယခုမြင်နေရသည့် ဤနေရာတွင်တော့ မသတီစရာ ရနံ့တွေ ထွက်ရှိနေသည် ။

နာကျင်စရာ များပြားလွန်းသော ဆင်းရဲဒုက္ခများ အဆုံးတွင် ငြိမ်းချမ်းခြင်း ပြည့်နှက်နေသော နေရာဆီကို ရောက်ရှိ လာခဲ့ကြ၏ ။

ရှင်သန်ခြင်းကို လူတွေ ဘာကြောင့် မက်မောနေကြသလဲ ။

ရှင်သန်ခြင်းဆိုတာ သိပ်များ ကောင်းမွန်နေလို့လား ။

ဝမ်းသာစရာပဲ ခင်ဗျား အခုတော့ငြိမ်းချမ်းသွားပြီ ။

အမှန်တကယ် စစ်မှန်တဲ့ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်းကို ခင်ဗျားရှာတွေ့သွားခဲ့ပြီ ။

ဂုဏ်ယူပါတယ် မစ္စတာ ။
ဘယ်သူဘာပြောပြော ဒီကစားပွဲမှာ အနိုင်ရသွားတဲ့ သူက ခင်ဗျားပါပဲ ။

ရှင်သန်ခြင်းဆိုတာ မရှိရင် သေဆုံးခြင်း ရှိလာစရာအကြောင်း မရှိဘူး
ရှင်သန်ခြင်း ရှိရင် ဒုက္ခတွေ ခံစားနေရအုံးမှာပဲ

တော်တယ် ကောင်းကောင်း အဆုံးသတ်နိုင်ခဲ့တာပဲ
ခင်ဗျားအတွက် အများကြီး ဝမ်းသာဂုဏ်ယူရတယ်

လူတွေက ခင်ဗျားအတွက် ငိုကြွေးပေးနေကြပေမယ့်
ကိုယ်ကတော့ ခင်ဗျားအတွက် ပျော်ပေးနေတယ်

ခင်ဗျားရဲ့ သေဆုံးခြင်း အခမ်းအနားမှာ ပျော်ရွှင်ပေးနေတဲ့ လူတစ်ယောက် ရှိနေသေးတယ် ဆိုတဲ့အကြောင်းကို ခင်ဗျား မသိသွားခဲ့တာတော့ စိတ်မကောင်းစရာပဲ ။
စိတ်မပူပါနဲ့ ငြိမ်းချမ်းတဲ့ နေရာကို ခင်ဗျား သွားပြီဆိုတာကို ကိုယ်သိတဲ့အတွက်ကြောင့် များများကြီး ပျော်ပေးလိုက်မယ် ။

အိုး ကောင်းကောင်းသွားပါ မစ္စတာ
ခင်ဗျားရဲ့ အသုဘမှာ ကိုယ် တကယ်ကို ပျော်ခဲ့ပါတယ်

သိပ်ပျော်ခဲ့တယ် ဒီအတွက် ကျေးဇူးတင်ပေးလိုက်ပါမယ် မစ္စတာ
အိုး သွားပါတော့ ကောင်းကောင်း သွားပါတော့ ... ။

𝐁 𝐄 𝐋 𝐋 𝐀 𝐃 𝐎 𝐍 𝐍 𝐀 : 𝐤𝐭𝐡𝐣𝐣𝐤Where stories live. Discover now