06 : dreams

3.4K 451 22
                                    

ယနေ့ ရာသီဥတုမှာ သာယာသည်ထက် အဆပေါင်းများစွာ ပိုသာ၍ ကြည်လင်တောက်ပနေသော မိုးပြာရောင် ကောင်းကင်သည် နေရောင်ခြည်နှင့်အတူ လှပစွာ တည်ရှိနေ၏။ မုန်းတီးဖွယ် မိုးစက်တွေ ရောက်ရှိမလာတဲ့ မနက်ခင်းက ပျော်ရွှင်စရာ နေ့ရက်တစ်ရက်လိုမျိုး လှပနေတာ၊ ဘယ်လောက်ကောင်းလိုက်သလဲ။

"မင်္ဂလာ နံနက်ခင်းပါ"

ယနေ့သည် လိုလူ့ဒီယား စတူဒီယိုနှင့် ပထမဦးစွာ စတင်၍ လက်တွဲမည့်နေ့ ဖြစ်ပြီး ဂျောင်းဂု၏ ပထမဆုံး အလုပ်တက်ရက်လည်း ဖြစ်သည်။ ထို့ကြောင့် ပုံရိပ်ကောင်း ရရှိရန်အတွက် လုပ်ဖော်ကိုင်ဖက်များအတွက် ရည်ရွယ်၍ မနက်စာအဖြစ် ကော်ဖီနှင့် ဘာဂါ ဝယ်ခဲ့လိုက်၏။

"ကျွန်တော် မနက်စာ ဝယ်လာတယ်၊ ဒါလေးစားပြီးမှ အလုပ်ဆက်ပါလားဗျ"

ဟိုဆော့သည် ဓာတ်ပုံများကို တည်းဖြတ်နေရင်း မနက်စာ မစားရသေးသည့်အတွက် ဗိုက်ဆာနေကာ ဂျောင်းဂု ဝယ်လာသော အထုပ်များကို မြင်လိုက်ရသည့်အခါ မျက်လုံးများမှာ တလက်လက် တောက်ပသွားသည်။

"ကောင်းတာပေါ့ ငါ ဘာမှမစားရသေးဘူး အတော်ပဲ"

ဟိုဆော့မှာ ဂျောင်းဂု ဝယ်လာသည့် ကော်ဖီနှင့် မုန့်ကို အားပါးတရ စားနေသည်ကို ကြည့်၍ ဂျောင်းဂု အတော် ပျော်ရွှင်သွားမိသည်။ ဟိုဆော့နှင့်အတူ ဂျောင်းဂု၏ မျက်ဝန်းများမှာလည်း နံနက်ခင်း နေရောင်အောက်၌ လင်းလက်နေမည်မှာ အသေအချာပင်။

"ဖြည်းဖြည်းစားပါ နင်နေပါ့မယ်"

ဂျောင်းဂုသည် တစ်ရှူးကို ဟိုဆော့ သုတ်ရန်အတွက် ယူပေးလိုက်၏။

"ကျေးဇူး၊ ငါက ဒီလိုပဲ စားတတ်လို့ကွ ဆောရီး၊ စားပြီးရင် အလုပ် မြန်မြန် လုပ်ရမယ်လေ"

"ကျန်တဲ့သူတွေ မလာကြသေးတာလား"

ဟိုဆော့သည် ခွက်ထဲမှာ နောက်ဆုံးလက်ကျန် ကော်ဖီကို မော့‌သောက်လိုက်ပြီး မျက်နှာမှာ ကျေနပ်မှုဖြင့် တောက်ပသွားသည်။

"မဟုတ်ဘူး စတိုင်လစ်ဂင်က ကော်ဖီဆိုင်သွားတယ် ဂျီမင်ကတော့ မန်နေဂျာ ရှာခိုင်းထားတဲ့ ဖိုင်တွဲတွေ သွားရှာနေတယ်"

𝐁 𝐄 𝐋 𝐋 𝐀 𝐃 𝐎 𝐍 𝐍 𝐀 : 𝐤𝐭𝐡𝐣𝐣𝐤Where stories live. Discover now