14 : the ocean

2.3K 309 41
                                        

you can be my safety zone somewhere i can go and feel unknown

အသေးစား မုန်တိုင်းငယ် ရပ်တန့်သွားချိန် ချိုမြိန်လှပသော သက်တံသည် ပတ်ဝန်းကျင်အား အုပ်စိုးလာသည်။ ဂျောင်းဂုသည် သူ၏ ကာကွယ်မှု တံတိုင်းကို ဖြိုချလိုက်ပြီဖြစ်သောကြောင့် အရင်လို မာကျောမနေတော့ပေ။ ထယ်ဟျောင်းနှင့် သူ၏ ဆက်ဆံရေးမှာလည်း ပိုမို ပွင့်လင်းလာပြီး ချိုမြိန်မှုများမှာလည်း အဆထက်တိုး များပြားလာသည်။

နောက်ဆုံး၌ ပရော့ဂျက် ပိုစတာ ရိုက်ကူးရမည့်ရက်သို့ ရောက်ရှိလာသည်။ ဂျောင်းဂုသည် ပုံမှန်အချိန်၌ ဓာတ်ပုံရိုက်တတ်သည့်သူ မဟုတ်ချေ။ ထို့အတွက် စိုးရိမ်စိတ် ဝင်မိသလို ထယ်ဟျောင်းနှင့်အတူ ရိုက်ကူးရေးလုပ်ရမှာ ဖြစ်သည့်အတွက် စိတ်လှုပ်ရှား ရင်ခုန်နေမိသည်။ တစ်ဖက်က ကောင်းကောင်းမလုပ်နိုင်မှာကို စိုးရိမ်နေမိသော်လည်း တစ်ဖက်တွင်တော့ ဖြစ်ချင်ရာဖြစ်ပါစေ အဆင်ပြေသလို လုပ်လိုက်မည်ဟု စိတ်ဒွန်တွဲနေ၏။

"ဒီဝတ်စုံလေးနဲ့ ဂျောင်းဂုက တကယ်လိုက်တယ်"

ဆော့ဂျင်သည် ဝတ်စုံ လဲပြီးသွားသော ဂျောင်းဂုကို မြင်သောအခါ စိတ်ရင်းနှင့် ချီးကျူးလာ၏။

"တကယ်လား ကျွန်တော်က အနောက်တိုင်းဝတ်စုံတွေ မဝတ်ဖြစ်လို့ အဆင်မပြေလောက်ဘူးထင်တာ"

ဆော့ဂျင်သည် ဂျောင်းဂု စိုးရိမ်စိတ် ဝင်နေသည်ကို သတိထားမိပုံပေါ်ပြီး စိတ်ငြိမ်သွားစေရန် ရေတစ်ခွက် ကမ်းပေးလာ၏။

"တခြားသူအမြင်ကို မယုံရင်နေ ဂင်ဆော့ဂျင်ရဲ့ နတ်မျက်စိကိုတော့ မယုံလို့မရဘူး ငါ့ညီ"

ဆော့ဂျင် စကားကြောင့် ဂျောင်းဂုသည် သွားများပေါ်သည်အထိ ရယ်မိလိုက်သည်။ ကြော်ငြာရိုက်ကူးရေးအတွက် ဝတ်စုံ၊ မိတ်ကပ် အားလုံးကို ဆော့ဂျင်သာ တာဝန်ယူလုပ်ဆောင်ပေးခြင်းဖြစ်သည်။ လိုလူ့ဒီယား စတူဒီယို၏ အတော်ဆုံး စတိုင်လစ်ဖြစ်သည့်အလျောက် ဆော့ဂျင်၏ ပင်ကိုအရည်အချင်းကို လျှော့တွက်၍မရသည်မှာ အမှန်ပင်။

"သွားကြမယ် မဟုတ်ရင် ဟိုဆော့က အချိန်မတိကျဘူး ဘာညာနဲ့ လေကြောရှည်နေဦးမယ်"

𝐁 𝐄 𝐋 𝐋 𝐀 𝐃 𝐎 𝐍 𝐍 𝐀 : 𝐤𝐭𝐡𝐣𝐣𝐤Where stories live. Discover now