19 : blue night

2.1K 248 26
                                        

when i'm all done with stars above, you are the one i love

တစ်ခါတစ်ခါမှာ လူတစ်ယောက်ပျော်ရွှင်ဖို့အတွက် အခြားလူတစ်ယောက်က မဖြစ်မနေပေးဆပ်ရမယ့် အခြေအနေတွေ ရှိတယ် ။

***

မာကျောသောမျက်နှာဖုံးအောက်တွင် ဖုံးကွယ်နေသော အားနည်းပြီးနွမ်းလျနေသည့် ထယ်ဟျောင်း၏မျက်နှာမှာ ဂျောင်းဂုအတွက် အနာကျင်ဆုံးအရာဖြစ်ပေသည်။ ဤရက်ပိုင်းတွင် ထယ်ဟျောင်းသည် အရင်လိုမဟုတ်ဘဲ အားနည်း၍ နွမ်းလျော်နေပုံပေါ်သည်။ ထို့ကြောင့် ထိုအရာများကို သူ့ကို ဖွင့်ဟပြော၍ ပင်ပန်းမှုကို ဝေမျှချင်သော်ငြား ထယ်ဟျောင်းသည် ပုံမှန်အတိုင်းသာ ဘာမျှမဖြစ်သကဲ့သို့ ရှိနေ၏။ ထယ်ဟျောင်းအတွက် သူက နည်းနည်းလေးတောင် အရာမဝင်ဘူးလားဆိုသည့် အတွေးက နာကျင်ရသော်လည်း တစ်ဖက်မှတွေးသည့်အခါ ထိုခက်ခဲမှုများမှာ ကြီးမားလွန်းသောကြောင့် ဂျောင်းဂုကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေချင်၍ မပြောသည်လည်း ဖြစ်နိုင်ပြန်သည်။

နေ့လယ်စာ စားချိန်တွင် ထယ်ဟျောင်းသည် အမဲသားစွပ်ပြုတ်ကို မစားဘဲ ဟိုမွှေသည်မွှေလုပ်နေသည့်ပုံစံကြောင့် ထယ်ဟျောင်းအတွေးမှာ တစ်နေရာသို့ လွင့်စင်နေပုံပေါ်သည်။ ဂျောင်းဂုသည် ထိုအရာကို ကြည့်၍ သက်ပြင်းချပြီး စကားပြောလိုက်သည်။

"ဘာလို့လဲ မကြိုက်လို့လား ကျွန်တော် တခြားဟာ ထပ်မှာလိုက်ရမလား"

"ရတယ်"

ဂျောင်းဂုသည် အသားမစားသည့်အတွက် တို့ဖူးဟင်းရည်ကိုမှာ၍ ထယ်ဟျောင်းအတွက် အမဲသားစွပ်ပြုတ် မှာပေးလိုက်၏။ ယခုတစ်လော ထယ်ဟျောင်း အားနည်းနေသည့်ပုံပေါ်တာကြောင့် ထယ် ဟျောင်း ကြိုက်မကြိုက် မသိဘဲနှင့် ၎င်းကိုမှာပေးလိုက်မိသည်။ အရင်တုန်းက အစားအသောက်ဆိုလျှင် မရွေးဘဲ အားလုံးစားသည့် ထယ်ဟျောင်းမှာ ယခုကျမှ မစားဘဲ ငေးတိငေးငိုင် ဖြစ်နေသည်မှာ အနည်းငယ် ထူးဆန်းနေ၏။

"စိတ်ပြေလက်ပျောက် ခရီးထွက်ကြမလား အခုချိန်ဆို ဂယောင်ဆန်နမ်ကိုသွားရင် အကောင်းဆုံးပဲ ချယ်ရီပန်းတွေကြည့်ရင်း တောင်တန်းတွေအလှကို ထိုင်ငေးရတာလောက် စိတ်လှုပ်ရှားဖို့ကောင်းတာ ရှိမှာမဟုတ်တော့ဘူး"

𝐁 𝐄 𝐋 𝐋 𝐀 𝐃 𝐎 𝐍 𝐍 𝐀 : 𝐤𝐭𝐡𝐣𝐣𝐤Where stories live. Discover now