23 : surrender

1.8K 221 15
                                    

i needed you to stay but i let you drift away .. my love where are you?


warning : the things expressed in the below are not historical facts, and this chapter may contain violent scenes!

ထယ်ဟျောင်းသည် တည်ငြိမ်သောဟန်ပန်ဖြင့် မတ်မတ်ရပ်နေသည်။ သွယ်လျဖြောင့်တန်းသော မျက်ခုံးတစ်စုံအောက်တွင် ဖုံးကွယ်ထားသော မျက်ဝန်းစိမ်းများက နွေးထွေးသယောင် ထင်မှတ်ရသော်လည်း အနောက်ဘက်မှ အလည်လာသော ညလယ်မိုးလိုမျိုး အေးစက်မှုများကိုသာ ဖော်ဆောင်နေ၏ ။

မျက်ဝန်းအောက်တစ်နေရာမှ မှဲ့နက်လေးကို သူငေးကြည့်မိတိုင်း နှလုံးခုန်သံ မိုင်ကုန်ပြေးလွှားကာ အသက်ရှူသံများကို ပင်ပန်းနွမ်းလျစေသည်။ ထို့အတူ သွယ်လျလှပသည့် နှာတံထိပ်မှ မှဲ့နက်လေးသည်လည်း ဘုရားသခင်မှ ထယ်ဟျောင်းထံသို့ ပေးအပ်ခဲ့သော ဆုလာဘ်မွန်တစ်ခု ဖြစ်ပေရာသည် ။

အစ်ကိုထက်ပိုပြီး ဘယ်သူကများ မြင့်မြတ်လှပပါဦးမလဲ…။

ထိုသို့သော မြင့်မြတ်လှပခြင်းများနှင့် မအပ်စပ်စွာ တည်ရှိနေသော အရာတစ်ခုသည်ကား တည်ငြိမ်စူးရှ၍ နွေးထွေးမှုကင်းမဲ့နေသော စိမ်းဖန့်ဖန့်မျက်ဝန်းများပင်ဖြစ်၏ ။ ထိုသူ၏ နှလုံးသားတစ်ခုလုံး အစိမ်းရှင်ရှင် ဆုတ်ခြေမွှခံရပြီးနောက် ထိုမျက်ဝန်းများတွင် နွေးထွေးမှုရှိနေလျှင်ပင် ပို၍ အံ့ဩရပေမည်။

ထယ်ဟျောင်းသည် သွေးများ စွန်းထင်းနေသော အဖြူရောင်ဖျင်ဝတ်ရုံကို ဖြေချပြီး စိမ်းပြာရောင်ရေကန်ဆီသို့ ဦးတည်သွား၏။ ထယ်ဟျောင်း၏ ခန္ဓာကိုယ်သည် ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြူဖျော့နေသည်။ ထိုသွေးရောင်ကင်းမဲ့နေသော ဖြူလျလျ အသွင်သဏ္ဌာန်နှင့် ကျောပြင်အား ဂျောင်းဂုသည် မျက်တောင်တစ်ချက်မခတ်ဘဲ စိုက်ကြည့်နေမိသည် ။ ထယ်ဟျောင်း အရှေ့လှည့်လာချိန်တွင် နှလုံးရှိရာနေရာနှင့် မလှမ်းမကမ်းတွင် ရှိနေသော ကြီးမားနက်နဲသောဒဏ်ရာကို သူတွေ့လိုက်ရသည်။ ထိုဒဏ်ရာမှာ ထယ်ဟျောင်း ဟန်အိမ်တော်မှ ထွက်ပြေးစဉ်က ရရှိခဲ့သောဒဏ်ရာဖြစ်၏။ ပုလဲလုံး၏ အစွမ်းသတ္တိကြောင့် ဒဏ်ရာမှာနာကျင်ခြင်းမရှိဘဲ ညှိုးလျော်နေပြီဖြစ်သော်လည်း သေရာပါစွဲထင်ကျန်ခဲ့မည့် အမာရွတ်ကိုကြည့်ပြီး သူစိတ်မကောင်းဖြစ်ရသည် ။

𝐁 𝐄 𝐋 𝐋 𝐀 𝐃 𝐎 𝐍 𝐍 𝐀 : 𝐤𝐭𝐡𝐣𝐣𝐤Where stories live. Discover now