i hope some day i'll make it out of here even if it takes all night or a hundred years..
Warning : The things expressed in the below are not historical facts. It is just for fiction, and this chapter may contain violent scenes, sexual abuse!
၁၅ ရာစု၊ ဂျိုဆွန်းခေတ်၊ ဆယ်ဂျုံးဘုရင် အုပ်စိုးချိန်။
ဆယ်ဂျုံးမင်း အုပ်ချုပ်သော ကာလအပိုင်းအခြားတွင် ဂျိုဆွန်းနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စာပေပိုင်းဆိုင်ရာများ စသည်တို့တိုးတက်ခဲ့သော်လည်း စီးပွားရေးတွင်မူ မပြောင်းလဲဘဲ ပဒေသရာဇ်စီးပွားရေးစနစ်ပင်ဖြစ်၏။ ထို့အတူ အင်အားကြီးသူမှ အင်အားနည်းကို ဖိနှိပ်မှုမှာ သဘာဝလိုပင် မထူးခြားမဆန်းပြားခဲ့ပေ။ မြေပိုင်ရှင်များသည် ပဒေသရာဇ်အုပ်ချုပ်သူများဖြစ်ပြီး မြေယာမဲ့ဆင်းရဲသားများအပေါ်တွင် ခေါင်းပုံဖြတ်အမြတ်ထုတ်ကြ၏။ ကျွန်လူတန်းစားများအပေါ် လူတန်းစားခွဲခြားမှုများ၊ အနိုင်ကျင့်မှုများ၊ နှိမ်ချဆက်ဆံမှုတို့ များပြားလာကာ အားနည်းသောပြည်သူအချို့မှာ အာဏာရှိသူအသိုင်းအဝိုင်း၏ မိမိတို့အပေါ်အနိုင်ကျင့်ခေါင်းပုံဖြတ်မှုများအပေါ် မတွန်းလှန်နိုင်ဘဲ အရင်းရှင်လူကုန်ထံတို့၏ လူမဆန်သောရာဇဝတ်မှုများသည် လူသိသူမသိပျောက်ကွယ်သွားရတော့၏။ နိုင်ငံမှာ သက်ဦးဆံပိုင်ဘုရင်အုပ်ချုပ်ရေးဖြစ်သော်လည်း အာဏာရှိသူလူချမ်းသာများ၏ လက်ဝါးကြီးအုပ်မှုများမှာ ပိုမိုကြီးထွားလာလျက်ရှိသည် ။
ဂျောင်းဂုသည် မူးဝေနေပြီး ပတ်ဝန်းကျင်မှ ပြောင်းလဲမှုများကို အံ့ဩတကြီး ကြည့်နေမိ၏။ သူသည် ချွဲအွန်းဟာပေးသော ဆေးရည်ကို သောက်လိုက်ပြီးနောက် ထယ်ဟျောင်း၏မှတ်ဉာဏ်မှတစ်ဆင့် ရှေးခေတ်ကာလ အပိုင်းခြားကို ပြန်ရောက်နေခြင်းဖြစ်ပုံပေါ်သည်။ ယခု သူရောက်နေသည့်နေရာမှာ နန်းတွင်းအတွင်းဝန်ဖြစ်သူ၏ 'ဟန် အိမ်တော်' ဖြစ်သည်။ အတွင်းဝန်ဟန်သည် မောက်မာသော စရိုက်ရှိကာ အိမ်တော်မှ အစေခံ၊ ကျွန်များအပေါ် ဖိနှိပ်မှုမှာ အလွန်အမင်း ပြင်းထန်ပုံရ၏။
"မင်းလိုသူဆင်းရဲကများ ရာရာစစ မင်းကြီးကို ပုန်ကန်ချင်တယ်ပေါ့ ဥပဒေသစ်ကိုပြဌာန်းမယ်ဟုတ်လား ရယ်စရာပဲ လာကြစမ်း ဒီငမိုက်သား သစ္စာဖောက်ကို မသေမချင်းရိုက်ကြ ငါကိုယ်တိုင် အပြစ်ပေးမယ်"
