အပိုင်း-၁

15.2K 494 2
                                    

Zawgyi

ရှန့်​အိမ်​​တော်​တစ်​ခုလုံး မျက်​နှာမ​ကောင်းကျ

အ​ကြောင်းမှာ ရှန့်​အိမ်​​တော်​ရဲ့ အငယ်​ဆုံးသမီး​လေး ရှန့်​ဟွာကို ဘုရင်​က​ အိမ်​​ရှေ့စံရဲ့ မိဖုရားအဖြစ် ​တောင်း​​​လိုက်​ခြင်း​ကြောင့်​​ပေ

ပုံမုန်​ဆို ​ပျော်​​နေသင့်​သည်​ ဆို​ပေမဲ့လဲ ရှန့်​ဟွာမှာ ၁၆နှစ်​ ပြည့်​ရုံသာ ရှိ​သေးသည်

ထို့​ကြောင့်​ အ​ဖေနဲ့အ​မေအပြင်​ အကို​ကပါ စိတ်​မ​ကောင်း ဖြစ်​ရုံသာ တက်​နိုင်​သည်

အ​ဖေက အတိုင်​ပင်​ခံအမတ်​ကြီး အကိုက စစ်​သူကြီးမို့ ဘုရင်​က ရှန့်​အိမ်​​တော်​ရဲ့ အာဏာကို လိုချင်​ခြင်းဖြစ်​သည်

ရှန့်​ဟွာတစ်​​ယောက်​ အခန်းထဲမှာ တိတ်​ဆိတ်​စွာသာ ထိုင်​​နေမိသည်

'မမ​လေး...'

ရှန့်​ဟွာရဲ့ အ​စေခံဖြစ်​တဲ့ ​အော့လီက တိုးတိုး​လေး ​ခေါ်လာသည်

အော့လီ မျက်​လုံး​တွေက ဘယ်​​လောက်​​တောင်​ ငိုထားလဲမသိ နီရဲ​နေပြီ

'အကို​​​ရော'

'သခင်​ကြီး​ခေါ်​လို့ သွားတယ်​'

'​အော့လီ ငါ့ကိုနဲနဲပြင်​​ပေး အ​ဖေတို့ဆီသွားမယ်​'

'ဟုတ်​ မမ​လေး'

အခန်းထဲတွင်​ မျက်​နှာမ​ကောင်းပဲ ထိုင်​​နေတဲ့ အ​ဖေအ​မေအပြင်​ အကိုကိုပါ​တွေ့​တော့ ရှန့်​ဟွာ စိတ်​မ​ကောင်း

သို့​သော်​ အတက်​နိုင်​ဆုံး ပြုံးလိုက်​ပြီး​တော့

'အ​ဖေ​'

'ရှန့်​ဟွာ လာညီမ​လေး'

အကိုက​တော့ ပြုံးပြ​ပါ​သေးသည်

'သမီးလဲ ကြားပြီး​ရော​ပေါ့'

'ဟုတ်​ ရှန့်​ဟွာ သိပြီးပါပြီ'

'သမီးသ​ဘောက​ကော'

'သမီးမှာ ​ရွေးချယ်​ခွင့်​ရှိ​သေးလား'

ရှန့်​ဟွာ မ​မေးသင့်​မှန်း သိပါသည်​ သို့​သော်

'ညီမ​လေး လက်​မခံနိုင်​ရင်​ အကို​​ အိမ်​​ရှေ့စံကို​ပြော​ပေးမယ်​ သူ​ပြောရင်​ မင်းကြီးကလက်​ခံမှာပါ'

ချစ်လှစွာ​​​သော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)Where stories live. Discover now