Just~ 1

34.9K 1.4K 68
                                    

ရေချိုးပြီး ထွက်လာတော့ အိမ်သူသက်ထားက အကျီတွေထုတ်ပေးထားပြီး သူ့ကို စောင့်နေလေတယ် ။

"မောင် ... အကျီထုတ်ပေးထားတယ်
Chae အောက်မှာ မနက်စာပြင်ရင်း စောင့်နေမယ်
ဆင်းခဲ့လိုက်နော် "

"Ok chae. ကျေးဇူးပဲ "

"လင်မယားတွေပဲ ကျေးဇူးဆိုတဲ့စကားက လိုလို့လား မောင်ရယ် "

Chae ပြုံးပြီး ပြောကာ အောက်ဆင်းသွားတော့သည်။
Baekhyun လည်း ထုတ်ပေးထားတဲ့ အကျီကိုသာဝတ်ရင်း အလုပ်သွားဖို့ ပြင်ဆင်လိုက်တော့၏ ။

%&%&*%&%&

"ဒီတစ်ခေါက် brand အတွက် မော်ဒယ်က ဘယ်သူ့ကို ရွေးထားတာလဲ "

"အခု နာမည်ကြီးနေတဲ့ Parkchanyeol ဆိုတဲ့ male model ကို ကမ်းလှမ်းထားပါတယ်
သူဌေး နိုင်ငံခြားထွက်တဲ့နေ့က ဒါရိုက်တာတွေ စုဝေးပြီး ဆုံးဖြတ်ချက် ချခဲ့တယ်လို့ သိရပါတယ် "

Baekhyun ခေါင်းတညိမ့်ညိမ့် နားထောင်နေပြီး

"ဟုတ်ပြီ!!  ကမ်းလှမ်းမှုအတွက် သူ့ ဘက်က အဖြေက..... ??? "

"အခုထိ..... "

အတွင်းရေးမှူးရဲ့စကားမှာ မျက်လုံးပင့်လိုက်မိသည်။ သူ့ Co. နဲ့ အလုပ်လုပ်ချင်တဲ့ model တွေမှအများကြီး ။ လက်ကမ်းပေးလိုက်တာနဲ့ ချက်ချင်းလှမ်းဆွဲကြမဲ့လူတွေချည်းပဲ ။
အဲဒါကိုတောင် ဒီလူက တစ်ပတ်ကြာတာတောင် အဖြေပြန်မလာသေးဘူးတဲ့လား!!!
ParkChanYeol ဆိုတာ ဘယ်လိုလူလဲ baekhyun သိချင်သွားသည်။

"အဲ့တစ်ယောက်အကြောင်း စုံစမ်းပေးထား ၊
ဘယ်လို လူလဲ သိချင်တယ် "

"ဟုတ်ကဲ့ပါ သူဌေး "

အရိုအသေပေးကာ အတွင်းရေမှုးမလေး ထွက်သွားတော့သည်။ ချက်ချင်းဆိုသလို သိချင်စိတ်ကြီးစိုးနေတာကြောင့် Baekhyun , Ipad ကို ဖွင့်လိုက်ကာ... ParkChanYeol လို့ ရိုက်ရှာ လိုက်သည်။

ကြီးစိုးနေတဲ့ သတင်းတွေအရ ..
နာမည်ကြီး မာနကြီး လူရှုပ်လူပွေ ဆိုတာ သိလိုက်ရသည်။ တက်သမျှအကြောင်းအချက်တော်တော်များများက ဒါပဲမလို့ ဆက်မကြည့်ချင်တာကြောင့် ပိတ်လိုက်ပြီး အတွင်းရေးမှုး ပေးလာမဲ့ အခြားသောအချက်အလက်ကိုသာ ဆက်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

Just~~~{[Completed]}Where stories live. Discover now