ဧည့်ခန်းထဲ ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး
လက်ထဲကလည်း ဖုန်းကို ကိုင်ထားကာ တစ်နေရာရာကို ဖုန်းဆက်နေတဲ့ မောင် ။
သူဆက်နေတဲ့ ဖုန်းကို မကိုင်လို့ထင် မျက်မှောင်ကုတ်ပြီး ဖုန်းကို ဆက်မြဲအတိုင်းဆက်နေတာ ....
ဘယ်သူ့ကိုများ အဲ့လောက် ဆက်နေရတာလဲ
မကိုင်မချင်းပဲ...ခရီးသွားမဲ့အချိန်တောင်မေ့နေပြီလားမသိ ။
Chae ပဲ မောင့်အနား သွားကာ ခရီးသွားဖို့အချိန်ဖြစ်နေပြီကို သတိပေးရတော့တယ် ။”မောင် အားလုံးအဆင်သင့်ဖြစ်နေပြီ
သွားရအောင်... ”မောင်က ဖုန်းကိုကြည့်နေရာကနေ တစ်ချက်တော့ လှည့်ကြည့်လာတယ်။ထို့နောက် အခန်းထဲက အထုတ်တွေကို ကြည့်လာပြီး သက်ပြင်းချလာသည်မှာ တိုးတိုးလေးဆိုပေမဲ့ chae ကြားလိုက်ရပါတယ် ။
”မောင်! ”
သတိပေးသလို ခေါ်လိုက်တဲ့အဆုံး
မောင်လုပ်လိုက်တဲ့ လုပ်ရပ်က.”အဲ့ဆိုဖာပေါ်က ငါ့အပေါ်ကုတ်ပေး ”
အိမ်အကူကောင်မလေးကို သူ့ကုတ် လှမ်းတောင်းလိုက်တာက ..
လက်ထဲရောက်လာတဲ့ အပေါ်ကုတ်ကို ဝတ်နေရင်း မောင်ပြောလာသည်။”ခဏလေး Chae
မောင် ခနနေ ပြန်လာခဲ့မယ်
အဲ့ကျမှ သွားရအောင် ”ကုတ်ကို ပြီးစလွယ် ဝတ်ပြီး ကားထုတ်ကာ ထွက်သွားတဲ့မောင်က Chae ကို ထားခဲ့ပြန်ပြီ.. ။
မောင်မှာ တကယ် နောက်တစ်ယောက်ရှိနေပြီလား.?
မောင့်လုပ်ရပ်တွေက. တကယ်ပဲ...%&%&*%&%&
”လက်ထောက်ကင်, ParkChanYeol အခု ဘယ်မှာ ရှိနေလဲ စုံစမ်းပြီး ငါ့ကို ဖုန်းပြန်ဆက် ”
Chanyeol တည်နေရာကို စုံစမ်းခိုင်းပြီး သူကိုယ်တိုင်လည်း တစ်ချိန်လုံး Chanyeol ကို ဖုန်းဆက်သွယ်နေသည်။
ခဏနေတော့ အဝင်call တစ်ခု ဝင်လာသည်မို့ ကိုင်လိုက်သည်။
”ဘယ်မှာလဲ အဲ့ကောင် ”
”အိမ်မှာ ရှိနေတယ်တဲ့ သူဌေး
ဒီရက်ပိုင်း Schedule တွေ အကုန်ဖျက်ထားပါတယ် ”
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))