”ဆယ်မိနစ်ကျော်ရင်... Co.မဟုတ်ဘဲ.. ကျွန်တော်အိမ် ရောက်သွားမယ် လို့ ပြောထားတယ်နဲ့ တူတယ် ”
Chanyeol ပြောစကားကို baekhyun ဂရုစိုက်ဟန်ပင် မပြုဘဲ.ထိုင်ခုံကိုသာ နောက်လျောချနေသည်။ လျောကျသွားတဲ့ ထိုင်ခုံပေါ် တစ်ကိုယ်လုံးပစ်မှီပြီးမှ ...
”ခေါ်သွားလေ... Co. စာရင်းတွေ လုပ်စရာရှိတာ နောက်ကျရင် ကိုယ့်ကို ကူညီရမှာ မင်းဖြစ်သွားလိမ့်မယ် Honey ”
”ချက်ချင်း လိုက်ပို့ပေးမယ် ByunBaekhyun ”
Chanyeol အလန့်တကြားပင် ပြောပြီး ချက်ချင်း ကားမောင်းထွက်တော့သည်။
Baekhyun ကတော့ သဘောတကျကို ရယ်လျက်...%&%&*%&%&
”လုပ်ပါ Baekhyun ရာ! နော် ”
”ဟေ့.. ဟေ့.. ကိုယ့်ကို ဘာတွေ လုပ်ခိုင်းနေတာလဲ.. ”
”ခင်များဗျာ...မသိချင်ယောင်ဆောင်နေ... ကျွန်တော် လိုက်ခဲ့မယ်လို့ ခင်ဗျားရုံးခန်းထဲ.. ဒီတိုင်း ငြိမ်ငြိမ်လေး အိပ်နေမယ်လေ... အိမ်မပြန်ချင်သေးလို့ပါ ”
ပထမဆုံးမြင်ဖူးတဲ့ Chanyeol ရဲ့ ချွဲတဲတဲ ပုံစံ...
Baekhyun အသေအချာကြီးကို ကြည့်နေသည်။
နှုတ်ခမ်းမှာလည်း အပြုံးနဲ့...”ကိုယ့်ရုံးခန်းက မင်းအတွက် ဇရပ်ဖြစ်နေတာလား Honey ”
အကျီလက်ကို ပင့်တင့်ရင်း baekhyun မေးမိသည်။ အမှန်က မျက်နှာချင်းမဆိုင်ချင်လို့... မျက်နှာလွှဲချင်းသာ..။
Chanyeol ရဲ့ ချွဲတဲတဲပုံစံကို မျက်လုံးထဲက မထွက်ဖြစ်နေလွန်းသည်။”မခေါ်ချင်လည်း..နေတော့..
Club တွေမှ အများကြီး...အပျင်းပြေ တစ်ယောက်ယောက်နဲ့ အချိန်ကုန်လိုက်တော့မယ် ”ဆင်းတော့ ဆိုတဲ့ ပုံစံနဲ့..baekhyun ကို ကြည့်ပြီး အပြင်ကို မျက်စပစ်ပြနေတဲ့ chanyeol...
Baekhyun ခေါင်းခါပြီးသာ ဆင်းလိုက်သည်။
လူဆင်းလိုက်သည်နဲ့ချက်ချင်း ထွက်သွားသောကား ။ပါကင်က ထွက်သွားတဲ့ ကားအနီလေးကို မျက်စိတစ်ဆုံးကြည့်ပြီး အပေါ်ထပ်သူ့ရုံးခန်း ရှိရာသာ တက်လာခဲ့တော့သည်။
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))