Just~ 28

11.7K 1K 135
                                    

____ 🇯 🇺 🇸 🇹 _____


မနက်စောစော ထမင်းဝိုင်းတွင် ဖြစ်သည်။
စားပွဲ အလယ်မှာ အရံဟင်းတွေ ပန်းကန် တော်တော်များများက နေရာယူလျက်..

ထမင်းပန်းကန်နှင့် ဟင်းရည် ပန်းကန် ရောက်မလာသေးတာမို့ စောင့်လျက်ရှိနေသည်။
Chae က အိမ်ရှင်မ ပီသစွာ မနက်စာကိုလည်း သူမကိုယ်တိုင်ပဲ ပြင်ဆင်ပေးတတ်တဲ့ အကျင့်ကြောင့် အထဲ မီးဖိုခန်းထဲမှာ ဟင်းရည်ကို သွားယူနေတာကြောင့် အပြင်မှာ သူတို့ နှစ်ယောက်ပဲ ရှိနေသည်။
Baekhyun လက်ထဲက အရာကိုပဲ အာရုံစိုက်လျက်ရှိပြီး ဘေးကလူကို တစ်ချက်တောင် မကြည့်မိ..။
Chanyeol က Baekhyun ကိုသာ စိုက်ကြည့်နေ၏ ။

”ပျင်းတယ် Byun ”

Chanyeol စကားစလာသည်မို့ ဒီနေ့အတွက် ရှယ်ယာဈေးအတက်အကျ Graph ကို Ipad မှာ ငုံ့ကြည့်နေရင်းကနေ ခေါင်းမော့ကာ Chanyeol ဆီ အကြည့်ရောက်လာ၏ ။

”အခုမှပဲ လူကို ဂရုစိုက်တော့တယ်
ထမင်းစားပွဲ ထိုင်ထဲက အဲ့ဟာကြီးကို မဲပြီး ကြည့်နေတာ
ဘေးမှာ ထိုင်နေတဲ့လူက အသက်မရှိတဲ့ အရုပ်ဖြစ်နေပြီ ”

Ipad ကို မေးဆတ်ပြပြီး ရှုံ့​တွကာ ပြောလာတဲ့ Chanyeol စကားကြောင့် Baekhyun ခပ်ဟဟ ရယ်ကာ လက်ထဲက အပြားကြီးကို Power ပိတ်ပြီး ဘေးနားတင်ပစ်လိုက်သည်။

”ရပြီလား ”

Chanyeol မျက်နှာကို တည့်တည့် စိုက်ကြည့်ရင်း ဖြေပေးလာတဲ့ Baekhyun ပင်..။

”အလုပ်မရှိဘဲ အိမ်မှာ နေရတာ ပျင်းလာပြီ လို့ Byun Baek Hyun ရဲ့ ”

'အဲ့တော့' ဆိုတဲ့ အကြည့်မျိုးနဲ့ Baekhyun က ကြည့်လာသည်။

”Date လုပ်ရအောင်လား ကျွန်တော်နဲ့
ခင်ဗျား အလုပ်တွေ ဖျက်လိုက် ”

Chanyeol စကားကြောင့် Baekhyun မျက်နှာလွှဲလိုက်ပြီး
သက်ပြင်း သာသာ ချ၏ ။

Baekhyun စိတ်ထဲ မြင်လာတာက ပတ်ဝန်းကျင် အသိုင်းအဝိုင်း
လူဆိုတာ သိပ်ကို အပြစ်ပြောချင်ကြတဲ့ အမျိုး ။
သူတို့ Image က လူမသိ သူမသိလည်း မဟုတ်...
နှစ်ယောက်တွဲ တွေ့ရတာနဲ့တင် ကြည့်နေကြမဲ့ မျက်လုံးတွေက အများကြီးပဲ ။
အခုတောင် Scandal အများအပြားထွက်နေတာ ကိုယ့်ဘက်က အမြန်ဖုံးဖိနိုင်လို့ ဘာမှ ကြီးကြီးကျယ်ကျယ် မပေါက်ကြားတဲ့ အခြေအနေ ။

Just~~~{[Completed]}Where stories live. Discover now