Baekhyun ရေချိုးခန်းထဲက ထွက်ခါနီး... ရေကန်ဘောင်နားက ပစ္စည်းထားတဲ့ အကန့်လေးမှာ မေ့ပြီးထားခဲ့မလိုဖြစ်တဲ့ ဖုန်းက ထမြည်လာသည်။
ဖုန်းမြည်သံကြောင့်ဖုန်းကို သွားယူလိုက်တော့
"Honey??? " ဆိုတဲ့ Content က ဆီးကြိုနေ၏ ။
နာရီတစ်ချက်ကြည့်လိုက်ပြီးမှ ကိုင်လိုက်သည်။ကန်ဘောင်မှာ ထိုင်လိုက်ပြီး
"မနက်စောစောရှစ်နာရီပဲရှိသေး ၊ ဘာကိစ္စ ဖုန်းဆက်တာလဲ My Honey "
"အကြိုအပို့ လုပ်ချင်လို့...ကားမယူလာနဲ့... အိမ်အပြင် လူပဲ ထွက်လာခဲ့ "
"ဘာလို့လဲ???
သုံးလေးရက်လောက် မတွေ့ရတော့ ကိုယ့်ကို လွမ်းနေလို့လား "Baekhyun ရဲ့ လေသံတိုးတိုး မေးသံနောက်မှာ တစ်ဖက်က တဟားဟား အော်ရယ်လာသည်။
"အရမ်း အရမ်း ကို လွမ်းနေတာမလို့... မြန်မြန် ထွက်ခဲ့ပေးစေချင်ပါတယ် Sajanim
နောက် ဆယ်မိနစ်နေမှ.. မထွက်လာရင်..Sajanim ရောက်သွားမဲ့ နေရာက Co. မဟုတ်ဘဲ ကျွန်တော့်အိမ် ဖြစ်သွားလိမ့်မယ်ထင်တယ် "Chanyeol စကားကို baekhyun ခပ်သာသာ ပြုံးနေပြီး..
"ရေချိုးနေတုန်း... ခဏတော့ စောင့်ပေး "
ထိုအခိုက် တံခါးခေါက်သံနဲ့အတူ အပြင်ကထွက်လာတဲ့အသံ..
"မောင်!!!... "
"ကဲ...ခင်ဗျား မိန်းမက ခင်ဗျား ရေချိုးခန်းမှာ သေနေမှာ စိုးလို့နဲ့ တူတယ် စိတ်ပူပြီးလာခေါ်နေပြီ...
ဆယ်မိနစ်တွင်း ထွက်လာခဲ့!! "
ကျသွားတဲ့ ဖုန်းကို တစ်ချက် ကြည့်လိုက်ပြီး... ရေချိုးခန်း အပြင် ထွက်လာလိုက်တယ်။
အခန်းပြင်ရောက်တော့... အခန်းထဲရောက်နေတဲ့Chae နဲ့ ဆုံသည်။
"မောင်... ရေချိုးခန်း ဝင်တာ အရမ်းကြာနေလို့.. Chae ခေါ်လိုက်တာ "
မမေးလိုက်ပေမဲ့...Chae က အပြုံးတစ်ချက်နဲ့ သူမ ခေါ်လိုက်ရတဲ့ အကြောင်းအရင်းကို ရှင်းပြလာသည်။
Chae အရံသင့် ထုတ်ပေးထားတဲ့ အကျီကို ယူဝတ်လိုက်ပြီး ကြယ်သီးတပ်ရန် ပြင်တော့ Chae က သူမ လုပ်ပေးမယ်ဆိုပြီး လုပ်ပေးလာသည်။
VOUS LISEZ
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))