Just~ 2

14.3K 1.1K 64
                                    

”မင်းရဲ့ အူကြောင်ကြောင် ဂိမ်းကို လက်ခံစိန်ခေါ်ရအောင် ကိုယ်မရူးဘူးဆိုတာ... မင်းသိစေချင်တယ် ParkChanYeol ”

Chanyeol ကို သေချာကြည့်လိုက်သည်။

”ဒါမှ မဟုတ်... မင်း..ကိုယ့်ကို သဘောကျနေလို့လား ”

မဲ့ပြုံးတစ်ချက် ပြုံးပြီး ပြောလာတဲ့ CEO ပေါက်လေးကြောင့်

”မပြောတတ်ဘူး... ကျွန်တော်.. ခင်ဗျားကို သဘောကျနေလားဆိုတာ...
ဒီတိုင်း... ခင်ဗျားကို လိုချင်တာ.. ဟက်..
Sex??? ”

”မင်းရဲ့ စကားကို လက်မခံဘူးမလို့... စာချုပ်မချုပ်လဲ ကိစ္စမရှိဘူး

ဟိုဘက်မှာ တံခါးပေါက်ပါ ParkChanYeol  ”

တံခါးပေါက်ဘက်ကို ညွှန်ပြပြီး ဆိုလာတဲ့စကားက ထွက်သွားပါဆိုတဲ့ အကြောင်းကို သွယ်ဝိုက်ပြောလိုက်တာ သိပေမဲ့...ChanYeol ဒီတိုင်း ထွက်မသွားနိုင်ပါ ။
ဒီလူကို မရရအောင် လိုချင်တာမလို့...

မတ်တပ်ထရပ်ပြီး စားပွဲဆီ သွားဖို့လုပ်နေတဲ့ ကောင်လေးကို... လျင်မြန်စွာပင်... လက်တစ်ဖက်ကို လှမ်းဆွဲချလိုက်သည်။

ရုတ်တရက်ရယ်... ခန့်မှန်းမထားတဲ့အခြေအနေတစ်ခုဖြစ်တာကြောင့်... ကောင်လေးက သတိရှိဟန်မတူ...၊ ဒါကြောင့် သူလှမ်းဆွဲရာကို ပါလာပြီး အခု...သူ့ပေါင်ပေါ်မှာ...ပက်လက်အနေအထားနဲ့...

”ဘာလုပ်တာလဲ ParkChanYeol 
လွှတ်စမ်း!!! ”

အော်ဟစ်လိုက်တာမှာ ဒေါသသံတွေ ပါလာပြီး... ဖြူနုနု မျက်နှာလေးပါ အဆစ် နီလာပြီ ။

ရုန်းထလို့မရအောင် အားလေးနည်းနည်းလေးသုံးထားတော့.. ပိုဒေါကန်နေပြီပေါ့

အခုအချိန်မှာ Baekhyun က ပက်လက်လဲကျနေတဲ့ အနေအထားကြောင့်
မတ်မတ်အနေအထား ChanYeol က ပိုအားသာနေတာပင်...

ရုန်းကန်နေတဲ့ လက်နှစ်ဖက်ကို လက်တစ်ဖက်နဲ့ မရမက ချုပ်ထားပြီး...
နီဆွေးဆွေးနှုတ်ခမ်းပါးကို ထိတွေ့ဖို့ ကြံရွယ်နေတဲ့ ChanYeol...။

ကျန်လက်တစ်ဖက်နဲ့... အတင်းရှောင်နေတဲ့ ခေါင်းကို ထိန်းကိုင်ထားပြီး... မရမကပင်.. နှုတ်ခမ်းပါးကို နမ်းရှိုက်မိသည်။

Just~~~{[Completed]}Where stories live. Discover now