Just~ 15

11.3K 940 102
                                    

ရင်ခွင်ထဲကနေ အတင်းရုန်းကန်နေတဲ့ လူကို ကြည့်ရင်း..စိတ်မချမ်းသာမိ..။
ရုန်းနေလို့ မလွတ်အောင် တင်းတင်းဖက်ထားတာ ကိုယ့်လက်တောင် နာလှပြီ ..။

”မျက်လုံးမှိတ်ထား..အပြင်က တစ်ယောက်ကို မသိစေချင်ရင် ”

”Parkchanyeol !!!”

ဘယ်လိုလုပ်မလဲ.. ခင်ဗျားဘယ်လိုပဲ စိတ်ဆိုးပြီးအော်အော် ကျွန်တော်က လွှတ်ပေးဖို့ စိတ်ကူးမှမရှိတာ..။
Chanyeol ကတော့ ဖက်ထားတာကို တစ်စက်မှ မလျှော့ပါ..။

Baekhyun , သူပြောသလိုပင်.. မျက်လုံးသာ မှိတ်ထားလိုက်သည်။
ဘာဖြစ်ချင်နေတာလဲ Chanyeol ရယ်..

”1..2..”

နားထဲကလည်း Chanyeol ဂဏန်းရေသံကို ကြားနေရသည်။

”3 ”

3 ဆိုတဲ့ အသံနောက် အရာအားလုံး တိတ်ဆိတ်သွားသလိုပင်..
နားထဲ ဝင်လာတဲ့ အသံက ပွင့်လာတဲ့ တံခါးချပ်သံ..

                  %&%&*%&%&

အခု မြင်နေရတာက.. ?
အိပ်ယာပေါ်မှာ မောင့်ကို ဖက်အိပ်နေတဲ့ လူစိမ်း..

ယောင်ပြီး ဖက်ထားတာလား
ဘယ်လိုပဲ ဖြစ်ပါစေဦး... အမှန်အတိုင်းပြောရင်း ဒီအခြေအနေကို နားမလည်ပေးနိုင်ပါ
ပူးကပ်နေတဲ့အထိ ဖက်ထားတာများ အတင်းအကျပ်ပင်...။

မောင်ကရော သူ့ကို ဖက်ထားတာ မသိဘူးတဲ့လား?

”မောင်!!! ”

Chae ခေါ်လိုက်တာက Baekhyun ဆိုပေမဲ့ နိုးလာတာက Chanyeol ပင်...။
ခေါ်နေတဲ့လူကို အဖက်မလုပ်သေးဘဲ.
Baekhyun ရဲ့ နားသယ်စပ်နား ကပ်သွားပြီး..

”မျက်လုံး မဖွင့်နဲ့နော် ”

တိုးတိုးလေး ကပ်ပြောလိုက်ပြီးမှ.... Chanyeol အိပ်ယာထလိုက်သည်။

သူမ အခု မြင်နေရတာ ဘာတွေမှန်းကို မသိတော့ပါ.

ဒီလူက ဘာလဲ... မောင့်ကို ပိုင်စိုးပိုင်နင်းဖက်ထားတဲ့အပြင်.. နား ,နားက်ိုပါ ထိကပ်လိုက်တာ သူမ မြင်သည်။

”Baekhyun ကို လာနှိုးတာလား
သူအိပ်နေသေးတယ်ဗျ...”

မိမိကို ပြောတဲ့ပုံက အိမ်က အလုပ်သမ တစ်ယောက်ကို ပြောနေသလိုပင်..။

Just~~~{[Completed]}Où les histoires vivent. Découvrez maintenant